"ဟယ်လို"
"ဂျောင်ကုရှီ မင်းအခုဘယ်မှာလဲ"
"ငါအိမ်မှာ "
"တီးးးး"ချက်ချင်းဖုန်းချလိုက်တဲ့ ဂျောင်ကု။
ကားပေါ်ကထယ်ယောင်း မျက်ရည်စတွေနဲ့ ခေါင်းကိုယမ်းနေမိတယ်။
"မဟုတ်ဘူး မဟုတ်ဘူး၊ သူ့မှာအကြောင်းရှိလို့နေမှာပါ"ကောင်မလေးတစ်ယောက်ရဲ့ခါးကိုဖက်လို့ clubထဲဝင်သွားတဲ့ ဂျောင်ကုရဲ့ကျောပြင်။
(မင်းအပျော်ထားတာလို့ပဲ သတ်မှတ်လိုက်ပါမယ်)
(မင်းငါ့ကိုချစ်တယ်ဆိုတာ ငါယုံတယ်)
(အဆင်ပြေသွားမှာပါ )_____________________
ဂျောင်ကု အိမ်ထဲဝင်လာတော့ ဆက်တီပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ ထယ်ယောင်း။
"ဪ မောင်ထင်ထားတာထက် စောပြန်ရောက်တာပဲ"
"....."တိတ်ဆိတ်နေတဲ့ ထယ်ယောင်း။
ဂျောင်ကု မသိယောင်ဆောင်ပြီးဆက်ပြောနေတယ်"ဗိုက်ဆာနေပြီနဲ့တူတယ် မောင်ဟင်းသွားနွေးပေးမယ်နော်"
"ဂျောင်ကု"အေးစက်နေတဲ့ ခေါ်သံ။
ဂျောင်ကုလက်သီးကို ကျစ်နေအောင်ဆုပ်လို့ရပ်နေမိတယ်။"အင်းပြောလေ"
"မင်း ...... ငါ့ကိုချစ်လား"
"အင်း ချစ်တာပေါ့"ဂျောင်ကုအဖြေအဆူံးမှာ ထယ်ယောင်းကမော့ကြည့်ပြီး ပြုံးပြတယ်။
"အင်း အဲ့တာဆိုရပြီ"_________________________
"ဟ့ အ့ ဟင်းးး မလိုချင်ဘူး မလုပ်ပါနဲ့ မလုပ်ပါနဲ့"
"အားးးး"မျက်လုံးတွေပြူးကျယ်လို့ ငုတ်တုတ်ထပြီးတဲ့ဂျောင်ကု။
တကိုယ်လုံးချွေးတွေ ရွှဲနစ်နေတယ်။သူ့ဘေးကိုကြည့်လိုက်တော့ အဝတ်မပါတဲ့ထယ်ယောင်း။
အေးအေးချမ်းချမ်းအိပ်နေတယ်။ရှေ့ဆံပင်တွေက မျက်စိကိုထောက်နေတာမို့ ဖယ်ပေးလိုက်တယ်။
ဂွမ်းစောင်ကို လုံအောင်ခြုံပေးပြီး ဝရန်တာဘက်ထွက်လာလိုက်တယ်။လက်ထဲမှာတော့ စီးကရက်ဘူးနဲ့ပေါ့။
သူဒီအိမ်မှာနေမှန်းသိတဲ့ ချိန်ကစပြီး ထယ်ယောင်းကအိမ်မပြန်တော့ဘဲ ဒီမှာနေနေတာဖြစ်တယ်။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung