လက်ထပ်ရန် ၃ရက်အလို
"ယောင်း "
"ဟင်"
"မောင်နဲ့ လိုက်ရဲ့လား"
"ဟီးး မောင်ကတကယ့်မင်းသားလေးအတိုင်းပဲ"
"ဟုတ်လို့လား ယောင်းငယ်"တကယ်တော့ မောင်က ဝတ်စုံနဲ့သိပ်လိုက်ဖက်တယ်။
မောင့်အရပ်၊ မောင့်အသားရည်၊ မောင့်ခန္ဓာကိုယ်၊ ယောင်းတော့ ကြွေပြီးရင်း ကြွေနေရပြီ။တံတွေးတွေမြိုချရင်း ငေးနေတာ မောင်ဘေးနားရောက်လာတောင် သတိမထားမိ။
"ယောင်း"
"ဟင်"
"သွားဝတ်တော့"
"ဘာကို"
"ယောင်းအတွက်ဝတ်စုံလေး မောင်ရွေးထားပေးတယ်"____________________
သူ့စကားအဆုံးမှာ လှစ်ခနဲ့ပြေးသွားတဲ့ ဝက်ဝံလုံးရယ်ပါ။
နဖူးလေးတောင်မနမ်းလိုက်ရ။တအောင့်ကြာတော့ လိုက်ကာနောက်ကနေ ထွက်လာတဲ့ သတို့သားလောင်းလေး။
လှလိုက်တာ ယောင်းရယ်။
ပန်းနုရောင်ပိုးထည်နဲ့ ချုပ်ထားတဲ့ သတို့သားဝတ်စုံ။
တကယ်တော့ တစ်ညလုံးထိုင်ရွေးထားရတာ။
ယောင်းနဲ့ အကုန်လုံးကလိုက်ဖက်နေတာမို့ တော်တော်ခေါင်းစားတယ်လေ။နောက်ဆုံးတော့ အလိုက်ဆုံးဝတ်စုံကို ရွေးနိုင်ခဲ့ပြီ။
လိုက်ကာကြားမှာ ရပ်နေတဲ့အလှတရားဟာ မောင့်သတိုးသားလောင်းတဲ့လား။ မောင်မယုံနိုင်ပါ။(ယောင်းငယ်၊ နောက်၃ရက်မှာ မင်းနဲ့လက်ထပ်ရမယ်တဲ့ မောင်မယုံနိုင်သေးဘူး)
သတို့သားလောင်း ချောချောလေးက်ုငေးနေတုန်း သူ့ဆီပြေးလာတဲ့ ဒါယွန်း။
"အာပါးး"
"ဒါယွန်းလေး"
"အာပါးးကို လွမ်းနေတာ"
"အာပါးးလဲ လွမ်းနေတာပါကွယ်"ဒါယွန်းလေးကို ရင်ခွင်ထဲဖက်ထားပြီး အလွမ်းသယ်မိတယ်။
လက်ထပ်ပွဲတွက် အလုပ်တွေရှုပ်နေတာ ဒါယွန်းလေးကို အချိန်မပေးနိုင်ခဲ့။"ဒါယွန်းလေး၊ သက်သာရဲ့လား"
"သက်သာပါတယ် ဖေဖေ"
"ဟင်"ယောင်းငယ်ကို ဖေဖေလို့ခေါ်လိုက်တာမို့ အံ့ဩသွားတာအမှန်။
"ဒါယွန်းလေးကို ဘယ်သူသင်ပေးတာတုန်း"
"ဖေဖေသင်ပေးလေ ဒီဦးဦးက သူ့ကိုဖေဖေလို့ပဲခေါ်ရင် ချိုချဉ်ကျွေးမယ်တဲ့"
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung