"ဂျွန်ဂျောင်ကု!!."
ညဆယ့်နှစ်နာရီဝန်းကျင် လူခြေတိတ်တဲ့အချိန်မှကြားလိုက်ရတဲ့အသံ။ မင်္ဂလာဦးညကြီး တစ်ယောက်တည်းပစ်ထားခဲ့တဲ့ယောကျ်ား ကြောင့်မအိပ်နိုင်။ အလုပ်တွေပဲဇွတ်လုပ်နေမိသည်။
စိတ်ကလည်းဘာလို့မှန်းမသိ။ အိမ်ရှေ့ကတံခါးဆီပဲ မျှော်ကြည့်နေမိတယ်။ သူ့ကိုစောင့်နေတာမဟုတ်ပါဘူး။ မပြီးပြတ်သေးတဲ့အလုပ်လေးတွေလက်စသတ်နေတာ။ ဒါပင်မဲ့ သူ့အသံလေးကြားလိုက်ရတော့လူကပျော်သွားသလိုလို။
ကျွန်တော်ခင်ဗျားကိုမချစ်ချင်ဘူး ပတ်ဂျီမင်ရယ်။
"မင်းနားပင်းနေလား..ငါခေါ်နေတယ်လေ။ မူးလာတယ်။ လာတွဲစမ်း!"
သူ့ကိုသူအိမ်ဦးနတ်ကြီးအတိုင်းအမိန့်ပေးနေတဲ့ပုံက။ ပုံစံကြည့်တော့ဖြင့် နည်းနည်းလေးတွန်းလိုက်တာနဲ့လဲကျတော့မည့်ပုံ။
ခပ်တည်တည်ပဲထိုင်ကြည့်နေတဲ့ ဂျွန်ဂျောင်ကုအား ဂျီမင်မျက်မှောင်ကျုတ်ကာလှမ်း
ကြည့်သည်။"နားတင်မဟုတ်ဘူး။ မျက်လုံးပါကန်းနေတာလား။ ဟမ်!..မထီလေးစားနဲ့။ လာတွဲလို့ငါ့ကို"
မူးနေတာတောင် အနိုင်ကျင့်ချင်တဲ့စိတ်ကလေးကတစ်မှမလျော့။ ကျွန်တော့်ကိုတော်တော်နိုင်စားချင်တဲ့ ပတ်ဂျီမင်ပဲ။မူးလာရင်ဒီလိုပဲရိုင်းသွားတတ်တာပဲလား။
"ဘယ်လောက်တောင်ဖြုန်းလာလဲ ပတ်ဂျီမင်"
"လာတွဲပါဆိုတာကို။ မင်းတော်တော်အရစ်ရှည်တာပဲ။ စိတ်ချ မင်းပိုက်ဆံတစ်ပြားမှမသုံးခဲ့ဘူး။ "
"ခင်ဗျားက ကျွန်တော့်ယောကျ်ားဖြစ်နေပီ။ မိဘဆီက ပိုက်ဆံတွေ တောင်းမသုံးနဲ့တော့"
"အေးပါ။အခု မင်းယောကျ်ား ငါ မူးလားလို့ လာတွဲ"
ပြန်ရောက်လာတည်းက မူးနေတဲ့သူ့ကို လာတွဲဖို့ချည်းပြောနေတာကြောင့် ခန္ဓာကိုယ်လေးကိုရွဲ့ကာပခုံးပေါ်ထမ်းတင်လိုက်သည်။
"အဲ့လိုကြီးက အဆင်မပြေဘူး။ ပွေ့ပီးချီ ။ အဲ့တာမှ အေးဆေးအိပ်ရမှာ"
ဂျောင်ကုမျက်လုံးလေးတွေ ဝိုင်းခနဲ။
ဇောက်ထိုးအနေအထားဖြစ်နေတာကြောင့်မူးနေတဲ့သူ ပိုမူးလာလို့ထင်ပါရဲ့။ ထူးထူးဆန်းဆန်းစကားလေးကိုချစ်ဖို့ကောင်းအောင်ပြောလာသည်။ ပွင့်လင်းမှုရှိလိုက်တာမှ သူကြည့်မရဘူးဆိုတဲ့ ကျွန်တော့်ရင်ခွင်ထဲကိုမူးလို့ဝင်အိပ်ချင်နေသည်တဲ့လေ။
![](https://img.wattpad.com/cover/302618619-288-k663582.jpg)
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။