"မာမီ"
လေပြည်အေးအေးတစ်ချက်မှာကြားလိုက်ရသောအသံငယ်ဟာ အချိန်တွေအကြာကြီးပစ်ထားရက်ခဲ့သောသားငယ်ရဲ့အသံစင်စစ်ပင်။ သေဆုံးသွားခဲ့ပြီလို့ သတင်းတွေထွက်ခဲ့တဲ့အချိန်က ဒီမိခင်ကြီးရင်ဘယ်လောက်တောင်များနာကျင်လိုက်ရသလဲ။ ငါ့သားငယ်လေးလို့သာ တစ်ယောက်တည်းယူကျုံးမရဖြစ်ရင်းအခန်းပိတ်လို့ကြေကွဲခဲ့ရတာ။ ဘယ်သူတွေကိုစိတ်ဆိုးမိလို့စိတ်ဆိုးမိမှန်းမသိ။ သွေးသားရင်းချာကလေးလေးတစ်ယောက်မို့၊မိမိရဲ့တစ်ဦးတည်းသောအဖိုးတန်လေးမို့အရာအားလုံးကိုလှည့်ပတ်စိတ်နာခဲ့မိတာတော့အမှန်။ ဒါပင်မဲ့လည်း သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတော့လည်း မာမီဟာအေးစက်တတ်သူမို့အသည်းအသန်ဖြစ်ကာလာတွေ့ခဲ့ခြင်းမရှိ။ အဝေးကပဲသံယောစဥ်တွေဝမ်းနည်းခဲ့ရကြောင်းကို လှမ်းပြောတတ်သည်။
ပန်းပင်တွေရေလောင်းနေသောမာမီဟာ အသံလာရာဘက်တစ်ချက်သာလှည့်ကြည့်ခဲ့ပြီး ပြုံးရွှင်သောမျက်နှာထားကိုဘေးချိတ်ကာ တည်ငြိမ်မှုတွေသာစိုးမိုးထားလျက် ဂျောင်ကုတို့အားကျောခိုင်းထားခဲ့သည်။ ဒါဟာငါ့ကိုလိမ်လို့၊ညာလို့ ဂျွန်ဂျောင်ကု။ဘာကြောင့်များဟယ် ဒီအမေဒီသားနှစ်ယောက်တည်းသာရှိတော့တဲ့အသိုက်အမြုံလေးအပေါ် နင်ဘာကြောင့်များလျစ်လျူရှုနိုင်ရတာလဲ။ အချိန်တွေအကြာကြီးပျောက်သွားပြီး ပြန်ရောက်လာတဲ့အချိန်တွေမှာတောင်ငါအမေအရင်းကြီးကနင့်အတွက်အဲ့ဒီ့လောက်တောင်မှအရေးမပါခဲ့တာလား။ ဆိုးလိုက်တာသားငယ်ရယ်။မာမီစိတ်ဆိုးလိုက်တာ။မာမီ့ရင်တွေကြေကွဲလိုက်ရတာ။မင်းအိမ်ထောင်ဘက် နဲ့ငါ ဘယ်လိုမှကိုယှဥ်မရဲတဲ့အထိပါပဲလား။ လူကြီတန်မဲ့ကလေးဆန်တယ်ပဲပြောပြော ဒီအဖိုးတန်လေးတစ်ယောက်တည်းရှိတာကို ဒီအဖိုးတန်လေးကသူ့ထက်ပို သဲသဲလှုပ်ချစ်တဲ့ ပတ်ဂျီမင်ကိုမနာလိုဘူး။
"အခုမှလာတွေ့လို့စိတ်ကောက်နေတာလား..စိတ်မကောင်းမဖြစ်ပါနဲ့မာမီရယ်..ကျွန်တော်အလုပ်တွေရှုပ်နေလို့ပါ"
ရေပိုက်လေးအားဘေးသို့ပစ်ချကာ မကြည် ကြည့်နဲ့တစ်ချက်စောင်းငဲ့ကြည့်လိုက်တော့ ရိပ်မိလွယ်တဲ့ အဆိုးအဆာမဟုတ်တဲ့သားဆိုးလေးဟာ ပြာပြာသလဲချော့မော့လာတော့သည်။ တည်ကြည်မှုဂုဏ်ပုဒ်နဲ့အညီ နေထိုင်လာတဲ့ အမျိုးသမီးကြီးက ဒီလိုအချိန်မှာတော့လုံးဝကလေးလေးပဲ။ဟင့်အင်းခွင့်မလွတ်ပါဘူး၊မကျေနပ်နိုင်ပါဘူးဂျွန်ဂျောင်ကုရယ်။ ငါကိုယ်တိုင်လိုလိုလားလားလက်ထပ်ပေးခဲ့တုန်းကကျ မုန်းပါတယ်၊ကြည့်မရပါဘူးဆိုပြီး ပြောခဲ့ကြတဲ့နင်တို့နှစ်ယောက်ကိုငါလုံးဝစိတ်ကောက်မပြေနိုင်ဘူး။
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။