"ဘယ်သွားမို့လဲ""ငါအပြင်ထွက်ချင်တယ်"
"ကျွန်တော်လိုက်ပို့ပေးမယ်"
မနက်ခင်းရာသီဥတုလေးကသာယာနေပင်မဲ့
မသာယာနိုင်တာကအိမ်တွင်းကကောင်ငယ်လေးနှစ်ယောက်။တစ်လကျော်ကျော်ရဲ့မနက်တွေတိုင်းကိုတပူပူတညံညံနဲ့ဖြတ်သန်းခဲ့ကြရင်းအဆင်ပြေလာပြီလားဆိုတော့လဲမဟုတ်။ဘယ်တော့မှအဆင်ပြေနိုင်တော့မည်မထင်။"ငါအိမ်ထဲမှာပဲ နေ နေတာတစ်လကျော်နေပြီ.."
"ကျွန်တော်ကနေခိုင်းလို့လား..ထွက်ချင်တဲ့ဆီထွက်။သွားချင်တဲ့နေရာသွား..ဂရုမစိုက်ဘူး"
"မင်းသောက်ဇယားလိုက်မရှုပ်နဲ့လေ..ငါ့ဘေးနားလိုက်ကပ်နေပြီး သောက်ပိုတွေလုပ်ပြနေတာ။တခြားလူတွေနဲ့အဆင်မပြေဘူး"
"စိတ်မချလို့လေ.."
"ငါမနဲ့လဲလမ်းခွဲခဲ့ပြီးပြီ။မင်းစိတ်တိုင်းကျလဲနေပေးနေတယ်။လွတ်လပ်ခွင့်တော့ပေးပေါ့ကွ..အခုဟာက.."
"အရင်တည်းက အသိတရားရှိရမှာ..လူလိုမတွေးခေါ်တတ်တော့ လွတ်လပ်ခွင့်တွေဘာတွေကဘာအသုံးဝင်မှာလဲ။ အပိုတွေ..လွတ်လပ်နေလဲသောက်ပေါက်ကရတွေပဲလိုက်လုပ်နေတဲ့လူ"
"ဂျောင်ကု!!"
"ဘယ်သွားသွား ခင်ဗျားဘေးကျွန်တော်ရှိနေမှာပဲ။ အဲ့တာမြဲမြဲမှတ်ထား"
"သောက်လုပ်တွေပစ်ပြီးသောက်ပိုတွေလုပ်နေတဲ့မင်းရဲ့လွတ်လပ်ခွင့်တွေကျ ကောင်းတယ်ပေါ့"
"ကျွန်တော့်မှာခင်ဗျားပဲရှိတာ...သောက်ပိုတွေလို့ထင်လဲရတယ်။ မာမီနဲ့မန်နေဂျာအီကအရမ်းတော်တဲ့လူတွေ။ ကျွန်တော့်သောက်လုပ်တွေပစ်ထားလဲသူတို့ကြည့်လုပ်တတ်တယ်။ခင်ဗျားလိုသောက်တလွဲတွေပဲနားလည်တဲ့ဦးနှောက်မျိုးတွေမဟုတ်ဘူး"
ခပ်ရိုင်းရိုင်းတွေပြောလာရင် တူညီတဲ့စကားရိုင်းတွေနဲ့ပဲတုန့်ပြန်ပြီးအရင်လိုချစ်တယ်လို့တဖွဖွပြောမနေတော့။မချစ်တော့လို့မဟုတ်ပါဘူး။မမြင်တဲ့လူကိုအောက်ကျခံလိုက်မပြချင်တော့လို့။တစ်လကျော်ကျော်ကိုအိမ်ထဲမှာပဲနေ ပေးနေတာကျေးဇူးတော့တင်မိတယ်။အလုံးစုံစိတ်ချနေရတယ်လေ။
VOCÊ ESTÁ LENDO
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanficချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။