Part-33

3.8K 250 3
                                    

"မင်းကငါ့ကိုလိမ်ရက်တယ်ပေါ့ခွေးကောင်"

"ငါလုပ်မိလုပ်ရာလုပ်ခဲ့မိတာပါ..ငါမရှင်သန်ချင်တော့ဘူးလေ"

"အခုတော့..ရှင်သန်သွားချင်ပြီပေါ့"

"အင်း"

အမေရိကန်ကနေ အမောတကြီးပြန်ပြေးလာခဲ့သူဟာ အခုတော့တော်တော်လေးပေါက်ကွဲနေခဲ့ပြီ။တစ်ဦးတည်းသောသူငယ်ချင်းလေးဖြစ်တဲ့အပြင်တွယ်ငြိခဲ့ရတဲ့မေတ္တာတွေဟာလည်း မသေးငယ်ခဲ့တော့ ဂျွန်အခုလိုလုပ်ခဲ့တာက ထယ်ယောင်းအတွက်လည်းရင်နင့်စရာပါပဲ။မင်းကအဆင်ပြေခဲ့ရလားမသိပင်မဲ့ မင်းကစားခဲ့တဲ့ ကစားပွဲကြီးမှာ ငါနဲ့ ဂျီမင်ကတော့ရူး​နေအောင်ပါပဲဂျွန်ရယ်။

"နောက်တခါအဲ့လိုမလုပ်နဲ့တော့ဟေ့ကောင်"

"အကြောင်းရင်းမှ မရှိတော့တာ..အကြောင်းပြချက်ကြီးက ငါ့လက်ကလေးကိုဆုပ်ကိုင်နေပြီလေ"

"ခွေးကောင်.."

"ဟားဟား"

"ငါတကယ်ရင်တွေကွဲခဲ့ရတာ..မင်းကိုလွတ်ထားခဲ့မိလို့ နောင်တတွေလဲ ရတယ်..နာကျင်မှုတွေကလည်းပြောမပြတတ်အောင်ပါပဲ"

"ငါ့ကိုချစ်နေသေးတာလား ထယ်"

"မင်းမေ.."

"စတာပါကွာ..မျက်နှာလေးကြည့်ရတာ..တွေ့နေပြီနဲ့တူတယ်"

မျက်ရည်စတွေနဲ့ ထယ်ဟာ အခုချိန်မှာသူရွေးချယ်ခဲ့တဲ့လူအကြောင်းပြောပြနိုင်လောက်တဲ့အထိ အားအင်တွေရှိမနေဘူး။ဂျွန်မသေခဲ့ဘူးလေ။ နှစ်တွေကြာသွားတာတောင်ကိုယ့်မျက်နှာရိပ်ကိုဖတ်တတ်နေသေးတဲ့ ဂျွန့်အားအပြုံးလေးတွေဖြန့်ကျက်ရင်းပဲကြည့်နေခဲ့မိတယ်။အရင်ကထက်ပိုတည်ကြည်လာသလို အရင်ကထက်လည်းပိုပြီးပျော်နေပုံပါပဲ။မင်းမရှိတော့ဘူးအထင်နဲ့ ငါ့အနာဂတ်ကိုမင်းကိုတောင်းပန်ရင်းရှင်သန်သွားတော့မလို့။အခုတော့ ငါဘယ်လိုဝန်ခံရပါ့မလဲ။ချစ်ခြင်းတရားတွေများ အံ့သြဖို့ကောင်းလိုက်တာ အချိန်တွေပြောင်းသွားတာတောင်မေ့မရပါဘူးဆိုတဲ့ ဝန်ခံချက်လေးနဲ့အသိမ်းပိုက်ခံခဲ့တဲ့ ကျွန်တော့်လူနဲ့ ဂျွန်တို့ တွေ့များတွေ့ခဲ့ကြရင် ဟူး ရင်တွေမောလိုက်တာ။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Donde viven las historias. Descúbrelo ahora