"ပြန်မလာသေးဘူးလား "
"ဟုတ်ကဲ့ သခင်လေး"
" ကျစ်..ဘယ်အချိန်ရှိနေပြီလဲ"
"ခါတိုင်းဆို စောပြန်လာနေကျပါ။ ဒီနေ့ကျမှဘာဖြစ်နေမှန်းမသိဘူးနော်။ သခင်လေးဂျီမင် အလုပ်လုပ်တဲ့နေရာကို သခင်လေးမသိဘူးလား"
"သိလို့ကတော့ ငါဒီလိုနေ နေမလား..သွား..ထွက်သွားတော့..ဆက်စောင့်နေ။ အောက်ကလူတွေကိုလည်း သူပြန်မလာမချင်း မအိပ်ရဘူးလို့ပြောလိုက်။ သွား!"
တချက်ချက်မြည်နေတဲ့စက္ကန့်တံတွေက ညအချိန်သန်းခေါင်စွန်းစွန်းသို့ ရောက်နှင့်လေပြီ။ အိမ်ပြန်နောက်မကျတတ်သောချစ်သူလေးက ထူးထူးဆန်းဆန်းအိမ်ပြန်မလာသေးသည့်အခါ ဂျွန်ဂျောင်ကုတို့ ထုံးစံအတိုင်းကမ္ဘာပျက်နေပြီး တစ်အိမ်လုံးကိုပတ်ကာရမ်းတော့သည်။ မည်သူမျှမအိပ်ရ။ သူတစ်စုံတစ်ခုဖြစ်ခဲ့ရင် အားလုံးမှာတာဝန်ရှိသည်။ ဒီနေ့ရုံးပိတ်ရက် အလုပ်မသွားဖို့တားခဲ့တာကို ဇွတ်အတင်းသွားချင်နေတဲ့ သူ့အားသွားရစေရန် ကူညီဝိုင်းပြောပေးကြတာသူတို့။ တစ်ခုခုဖြစ်ခဲ့ရင် အားလုံးတစ်နေရာတည်းအလောင်းတွေစုကောက်လို့ရအောင် အခုတည်းကစုစည်းထားခဲ့ခြင်း။
"တောက်!ဖုန်းလည်းဆက်ပိတ်ထားတယ်။ ပတ်ဂျီမင်..ဘာဖြစ်နေလည်း လဲ မသိရ။ ငါကွာ..ဖုန်းလေးတော့ဖွင့်ထားမှပေါ့။"
Ring...Ring...Ring...
"သခင်လေးဖုန်း..လာနေတယ်..ရှင့်"
မြည်နေတဲ့ဖုန်းကို ဂရုမပြုမိပဲအံတကြိတ်ကြိတ်ဖြစ်နေတဲ့အလုပ်ရှင်အား ကြောက်ကြောက်လန့်လန့်ဖြင့်သူမနှိုးဆော်ပေးလိုက်သည်။ပြန်ရလိုက်တာက တစ်ခွန်းတည်း။
"ပေး!!"
ထအော်လိုက်တဲ့အသံနက်ကြီးကြောင့် အိမ်အကူမလေးတစ်ချိုးသတ်ပြေးထွက်သွားတော့သည်။ ကြောက်စရာပါဆို ငါ့ကိုမှသွားပြောခိုင်းရတယ်လို့။ကျန်သူတွေအားမကျေနပ်သောပုံနှင့်ဂျောင်သို့ကပ်သွားသောကောင်မလေးအားဂျောင်ကုတစ်ချက်သာစိုက်ကြည့်လိုက်သည်။
"ဘယ်မှာလဲ ရှာရပြီလား"
"မတွေ့ပါဘူး သူဌေး"
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။