"လက်ထပ်ရအောင်ကိုကိုဂျွန်း"
"ဟမ်"
"ကျွန်တော် ကိုကိုဂျွန်းကိုချစ်တယ်"
"seokလေး..."
ထင်မှတ်မထားခဲ့သောစကားလုံးတွေဟာနှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာကြားနာ
ခွင့်ရခဲ့ရပြီ။ရုတ်တရက်ကြီးမို့လို့လားမသိ။
ဂျွန်းလိုတည်ငြိမ်လွန်းတဲ့လူရိုးကြီးကမျက်ရည်တွေတောင်ကျနေသည်လေ။မယုံကြည်ထားခဲ့သလို၊မျှော်လင့်ချက်တွေလဲမထားခဲ့မိဘူး။ဒီကလေးလေးကိုအနားမှာပဲဂရုစိုက်ပေးပြီးတစ်သက်လုံးဖြူဖြူစင်စင်ပဲချစ်သွားမယ်လို့အမြဲတမ်းတွေးထားခဲ့တာ။ဒီလောက်ကြီးထိအဖိုးတန်တာတွေမလိုအပ်ခဲ့ပါဘူးဗျာ။ဒီတိုင်းလေးအနားမှာနေချစ်ပေးနေရလည်းကျေနပ်နေတဲ့ကျွန်တော့်ကိုကောင်ငယ်လေးကဘဝကြီးပုံပေးလာတော့ကျွန်တော်ငိုချမိခဲ့တာအကြောင်းရင်းမဲ့လောက်တယ်မလား။"ငိုနေတာလား..ကျွန်တော်က တကယ်ပြောတာကိုကိုဂျွန်းရဲ့..ကျွန်တော်ကိုကိုဂျွန်းကိုလက်ထပ်ချင်တယ်"
Jungပျောက်သွားပြီတဲ့နောက်ပိုင်းအန်တီတို့ရော၊ကောင်လေးကပါပြောင်းလဲသွားခဲ့တယ်။ကိုကြီးကိုလွမ်းလိုက်တာလို့ခဏခဏပြောတတ်ပင်မဲ့ကိုကြီးကိုချစ်ရတာပင်ပန်းလိုက်တာလို့တော့ လုံးဝမပြောတော့ဘူး။အစအနတောင်ရှာမရခဲ့သောအပယ်ခံပန်းလေးတစ်ပွင့်က သူပျောက်သွားတတ်တဲ့အခါတိုင်းအားလုံးကမေ့မေ့လျော့လျော့ပဲနေခဲ့ကြပင်မဲ့အခုတခါကတော့အရင်အချိန်တွေနဲ့မတူညီစွာJungကိုတွေချင်နေတဲ့သူတွေများနေခဲ့ကြတယ်။ကျွန်တော်တောင်မှပဲ။Jungကိုပြန်တွေ့ချင်မိတယ်။ဒီတခါသူပျောက်သွားခဲ့တာကအရင်လိုအဆက်အသွယ်တွေလဲမလုပ်တဲ့အပြင်သူ့ညီလေးကိုမထိတထိစိတ်ဆင်းရဲအောင်လုပ်လိုက်ရမှကျေနပ်တတ်သောလူဆိုးကြီးက ဒီတခါတော့သိပ်ကိုငြိမ်လွန်းနေတယ်လေ။မမြင်နိုင်တဲ့အန်တီပုံစံအဆန်းအပြားတွေကိုတောင်ကျွန်တော်တို့မြင်လာရတာ Jungကြောင့်လို့ပဲထင်တယ်။ကောင်လေးကရော Jungရဲ့မေတ္တာတွေကိုမရနိုင်တော့မှန်းသိလို့ ကျွန်တော့်ကိုလဲအားနာပြီးလက်ထပ်ချင်တာလား။သူလေးရဲ့နှုတ်ဖျားကချစ်တယ်လို့မပြောပဲ လက်ထပ်မယ်ချည်းပြောနေခဲ့တော့ ပျော်ရမှာလား၊သံသယဝင်ရမှာလားမခွဲခြားတတ်တော့ဘူး။
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။