Part-16

3.9K 327 1
                                    


"ရောက်လာပြီလားMrs.Park"

နောက်ကျောဘက်ဆီမှထွက်ပေါ်လာသောနူးညံ့လှတဲ့အသံချိုချိုလေး။တအီအီမြည်တီးနေတဲ့ဂီတသံစဥ်လေးတွေထဲထိုအသံလေးကရောယှက်ချိုမြစွာထွက်ပေါ်လာတော့ဂျီမင်
လှည့်ကြည့်မိသည်။

"အိုး..သူဌေးJung.."

"မင်္ဂလာပါဂျီမင်..ထပ်ပြီးနှုတ်ဆက်ပါတယ်နော်"

မည်သူတစ်ဦးတစ်ယောက်မျှမရှိလေသောပွဲခင်းကြီးအလယ် ဂီတဖျော်ဖြေသူများနှင့်သူဌေးJungသာရှိနေသည်။လက်ကမ်းနှုတ်ဆက်လာသောသူဌေးJungကို​ပြန်လည်ပြုံးပြနှုတ်ဆက်ရင်းနေရာအနှံ့အကဲလိုက်ခတ်မိသည်။ တကယ်ကိုမှကျွန်တော်ရယ်သူဌေးJungရယ်၊သူတို့ရယ်ပဲရှိနေခဲ့တာ။

"ဟို..အလုပ်ကိစ္စဆွေးနွေးမယ်ဆိုတဲ့လူတွေက.."

လက်ညိုးလေးထောင်ကာမသိနားမလည်ဖြစ်နေတဲ့ကလေးလေးအားကြည့်ကာJungပိုင်ဆိုင်ချင်စိတ်တွေတားမရဖြစ်နေခဲ့သည်။နေ့လည်ကထက်အခုကပိုပိုချစ်ဖို့ကောင်းနေပြီး ပိုင်ရှင်ဆိုတာလည်းရှိမနေတော့Jungခဏတော့ပျော်လို့ရပြီမလား။

"ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့က မင်းရယ်၊ဟိုမှာလျှောက်လာတဲ့သူမရယ်..နှစ်ယောက်တည်း..."

လက်ညိုးညွှန်ရာလျှောက်လမ်းဝင်ပေါက်ကိုကြည့်မိတော့ကျက်သရေအပေါင်းခညောင်းစွာ လျှောက်လှမ်းလာနေပါသောဂျွန်ယောင်းမီ။ အစိမ်းရင့်ရောင်တွေနဲ့လည်းပနံသင့်စွာသူမကလိုချင်စရာ။အရင်ကရူးခဲ့ပြီးလည်းသတိလက်လွတ်တခါတလေပြန်ရူးမိတာပဲ။

"သူမကလှတယ်မလား ဂျီမင်"

"ဗျာ.."

ကြုံရပြန်ပြီ။ ကိုယ်မဟုတ်ပဲတခြားတစ်ယောက်ကိုကြည့်နေတဲ့ကလေးရဲ့ရွှန်းရွှန်းစားစားအကြည့်တွေ။ဒီကလေး​လေးကဘာလားပဲ။Jeonရေမင်းလည်းခံစားခဲ့ဖူးမှာပဲ အဟက်။

"ဟယ်လို...နောက်ကျသွားတယ်..ဆောရီးဂျေ..ဆောရီး ဂျီမင်။ အခုလိုအလုပ်အတူတူလုပ်ကိုင်ခွင့်ရတာဝမ်းသာရပါတယ်။ပထမဆုံးပါတနာက တို့တွေဖြစ်နေလို့လည်း သိပ်ဝမ်းသာတာပဲ။ အတူကြိုးစားကြရအောင်ဂျီမင်.."

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Tahanan ng mga kuwento. Tumuklas ngayon