Part-12

4.5K 368 14
                                    


"Babyတို့..တိတ်ဆိတ်တဲ့နေရာလေးကို သွားရအောင်"

"ရတယ်..ဒီမှာပဲနေချင်တယ်။ ကိုယ် တခြားအလှလေးတွေကိုလဲ ကြည့်ချင်သေးတယ်။ ဒီမှာ babyတစ်ယောက်တည်းလှတာမှမဟုတ်တာ"

ဖြားယောင်းသူမိန်းမလှလေးမျက်နှာပျက်ယွင်းသွားကာ အရက်ခွက်ကိုကိုင်ထားတဲ့လက်ချောင်းကလေးတွေတင်းတင်းဆုပ်မိသွားသည်။ ဒီလိုပုံနဲ့ဆို အခန်းထဲအလွယ်တကူခေါ်နိုင်မှာမဟုတ်။

"babyက ရှင်စိတ်ရှုပ်နေမှာစိုးလို့ပါ"

"ကျေးဇူးတင်ပါတယ်။ အခုလိုအရေးတယူတွေးပေးလို့"

ဆေးခတ်ထားခြင်းကိုလုံးဝမသိတဲ့ဂျီမင်က
ပြုံးယဲ့ယဲ့လေးနဲ့အရက်ကိုဆက်သောက်နေဆဲ။ မျက်လုံးတစ်ဖက်ကိုမှေးကျဥ်းထားပြီး
ဘေးနားက မိန်းမလှလေးကိုခေါင်းစခြေဆုံးစစ်ဆေးနေသည်။ အလှဆုံးလို့ခေါင်းစဥ်မတတ်နိုင်ပင်မဲ့ ရူးပစ်ချင်စရာတွေထဲမျက်စိရှေ့ကထိုမိန်းမလှလေးပါဝင်သည်။

အတိုအပြတ်တွေဝတ်ထားလို့ပေါ်နေတဲ့ပေါင်တံဖွေးဖွေးတွေ။ဘယ်အချိန်ထဲကပွတ်သပ်နေမှန်းမသိတဲ့ ပခုံးပေါ်ကလက်တွေ။
နှုတ်ခမ်းပါးလေးကိုဆွဲဆောင်မှုရှိစွာကိုက်ပြရင်း ပေါင်သားတွေကိုမထိတထိကိုင်တွယ်လာတဲ့အခါလှိုက်တက်လာတဲ့ ရငအထဲကအပူလှိုင်းတွေ။ ချက်ခြင်းအမူအယာပျက်ကာ
အံတွေကြိတ်မှိတ်သည်အထိ။

"မ မထိနဲ့"

"ဘာလို့လဲ "

မထီသလိုပြန်ပြောလာတဲ့ပုံလေးကပုံမှန်စိတ်နဲ့ဆိုပြောဆိုမိမှာဆိုပင်မဲ့အခုတော့အသည်းပင်ယားနေသလို။ လက်ကျန်ရှန်ပိန်ကိုအကုန်မော့သောက်ပစ်လိုက်ပြီး ထွက်သွားဖို့လုပ်တော့

"ဘယ်ပြေးမလို့လဲ "

လက်ကိုဆွဲလာတာမဟုတ်ပဲ ပေါင်တံတွေရဲ့အပေါ်ပိုင်းတစ်နေရာကိုထိကိုင်လာတဲ့အခါ ရင်တွေထဲဝုန်းကနဲ။ လက်တွေကိုပုတ်ချလိုက်ပြီးတစ်ချက်စိုက်ကြည့်လိုက်တဲ့အခါချက်ခြင်းတောင်းပန်လာသောမိန်းမလှလေး။
ဖြားယောင်းခြင်းတွေစွတ်နေတဲ့တောင်းပန်ခြင်းပေါ့။

"အိုးး..တောင်းပန်ပါတယ် နေရာမှားသွားတယ်..အဟီး"

"ငါ့ကို လွတ်.."

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Tempat cerita menjadi hidup. Temukan sekarang