"ဒီနေ့ ကျွန်တော်နဲ့ လျှောက်လည်ကြမယ်နော်။ လက်ထပ်ပြီးတည်းက တစ်ခါမှမသင့်မြတ်သေးဘူးမလား။ ဂျီမင်က အဖြေမပေးသေးတော့ လက်ထပ်ပြီးလည်း ကျွန်တော်တို့ကသူစိမ်းတွေပဲ။ ဂျီမင့်ဘဝတင်မဟုတ်ဘူး၊ဂျီမင့်နှလုံးသားကိုပါကျွန်တော့်ကိုအပိုင်ပေးလာအောင် ကြိုးစားပါ့မယ်"
"အဲ့လောက်မလွယ်ဘူးနော် ညီလေး"
"ညီလေးရအောင်ကြိုးစားပါ့မယ်"
"အောင်မြင်ပါစေ...နော်"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ"
နံနက်ခင်းလေးကအရင်နေ့တွေလိုညံမနေပဲတီတီတာတာလေးတွေနဲ့သာယာလို့နေသည်။ တစ်ညလုံးပန်းကလေးတွေကြားအိပ်စက်ခဲ့ရသည့်အလားလူရယ်လို့ဖြစ်လာတည်းက အခုချိန်ထိအိပ်ခဲ့ရတဲ့ညတွေထဲအနူးညံ့ဆုံးဖြစ်နေခဲ့သည်။
မောင်ဘယ်လောက်ရူးသလဲမင်းသိလားဂျီမင်။ တစ်ညလုံးမင်းခြေဖဝါးရဲရဲလေးတွေကိုမင်းမသိအောင်ခိုးခိုးနမ်းခဲ့ရတာ။ပုသေးသေးချစ်စရာလေးတွေကိုမောင်အသည်းယားလွန်းလို့။အပိုင်လို့တရားဝင်သတ်မှတ်တဲ့နေ့မောင်မင်းကိုအတိုးချပြီးအသည်းယားပြမယ်။
"ပြန်ဖြေဦးလေ။ကျွန်တော်နဲ့ဒီနေ့ဒိတ်မှာလား"
"အင်း..ငါလည်းအလုပ်မှရှိမနေတာ"
"အလုပ်မရှိအကိုင်မရှိလေးကို ယောကျ်ားတော်ထားရတာပဲ"
"အေး..ငါကအလုပ်လက်မဲ့ မင်းရှာတာပဲထိုင်ဖြုန်းမှာ။ ဒီလောက်အလုပ်ကြိုးစားတဲ့ ယောကျ်ားတစ်ယောက်လုံးရှိနေတာ..ငါကဘာလုပ်ရဦးမှာလဲ။တမင်သက်သက် ငွေတွေပုံတယ်"
နှုတ်ခမ်းလေးတထော်ထော်နဲ့ ကျွန်တော့်နံနက်ခင်းလေးက ချစ်စရာသိပ်ကောင်းပါသည်။
"ကျွန်တော့်ကိုယောကျ်ားလို့သတ်မှတ်တယ်ပေါ့"
"ဟင်"
ကိုယ်ပြောချင်တဲ့စကားဘယ်ရောက်သွားမှန်းမသိ။အနိုင်ယူချင်ရုံပြောတတ်တဲ့ဂျီမင့်အ
ကျင့်ကြောင့်ဂျောင်ကုတစ်ကွက်ကောင်းမိသွားပြန်သည်။ယောကျ်ားလို့သတ်မှတ်ပြီးငွေတွေဖြုန်းနေလည်း နေရာသွင်းပေးလို့ကျေနပ်တယ်။
أنت تقرأ
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
أدب الهواةချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။