"ငါတောင်းဆိုတာပါဂျူဝမ်..ငါ..ဂျီမင်နဲ့တွေ့ဖို့အဆင်သင့်မဖြစ်သေးဘူး"
"သူမင်းကိုသိပ်သတိရနေရှာတာ..ဘာလို့.."
"အဖြေမရှိဘူး။ငါသူ့ကို ထပ်ပြီးယုံကြည်မိဖို့ မဖြစ်နိုင်သေးဘူး။ ဘယ်လိုပုံစံမျိုးနဲ့
ငါ့ကိုလှည့်မကြည့်ခဲ့တာလဲဆိုတာ မင်းမမြင်ခဲ့တော့ ငါသေချာလည်းမရှင်းပြတတ်ဘူး။ငါတစ်ခုပဲတောင်းဆိုချင်တာပါ။ ငါအရင်လို ပုံစံမျိုးနဲ့ လောကကြီးမှာရှေ့ဆက်သွားဖို့က မင်းသူငယ်ချင်းရှိမှဖြစ်မှာဆိုပင်မဲ့ငါ ရှေ့ဆက်မသွားချင်တော့အောင်တားဆီးနိုင်တာကလည်းမင်းသူငယ်ချင်းပဲလေ"ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ကြံပြောဆိုခဲ့မှုတွေကြောင့် မုန်းသွားမယ်ဆိုတဲ့စိတ်ကလေးနဲ့တွေးကြောက်ခဲ့ရတဲ့ကျွန်တော့်သူငယ်ချင်းလေးကရော ခင်ဗျားမရှိတော့ဘူးဆိုတဲ့အတွေးနဲ့ဘယ်လောက်တောင်မှနောင်တတွေရနေရမလဲ။တကယ်သေဆုံးခြင်းမရှိခဲ့တဲ့အတုအယောင်လုပ်ဇာတ်ကြီးကအကြောက်တရားတွေကြောင့်သက်သက်ပဲလား။ဒါမှမဟုတ် နောက်ထပ်ဇာတ်လမ်းဆင်ချင်လို့ကစားနေတဲ့လှည့်ကွက်တွေလား။
"သူကမင်းမရှိတော့ဘူးဆိုတဲ့အတွေးနဲ့အောင်မြင်ခါစ သူ့ဘဝကြီးတစ်ခုလုံးကို ဒီလိုဘာမဟုတ်တဲ့နယ်မြို့လေးမှာလာပြီးမြှုပ်နှံလိုက်တာ။မင်းမရှိတော့ဘူးအထင်နဲ့လေ။မင်းကတော့ တွေ့နေရတာတောင် သွားမတွေ့ရဲဘူးဆိုတာကြီးက အနားမှာရှိနေတဲ့ လူကြောင့်လို့တော့လာမပြောနဲ့နော်"
"ခင်ဗျားဘာစကားပြောတာလဲ!"
ဆရာဝန်လေးရဲ့အသံစူးစူးလေးဟာသုံးယောက်သားတည်တည်ငြိမ်ငြိမ်စကားပြောနေတဲ့အခြေအနေကိုရောက်ရက်ခတ်သွားစေသည်။နာတတ်တာပေါ့။ဘယ်လောက်တောင်မှ ပြန်လည်ပျိုးထောင်းပေးခဲ့ရတဲ့အဖိုးတန်မှုတွေလဲ။သူ့လူကြောင့်စုတ်ပြတ်ခဲ့တဲ့အစ်ကို့ရဲ့အခြေအနေကိုနည်းနည်းလေးတောင်နားမလည်ပဲ ဇွတ်တရွတ်သမုတ်လာတာကတော့ အတော်ပင်ဒေါသထွက်ချင်စရာ။တစ်ဖက်တည်းမကြည့်နဲ့ ငါနဲ့အထင်လွဲနေတယ်ဆိုတာနားလည်ပင်မဲ့နေ့တိုင်းကြေကွဲနေရတဲ့လူတစ်ယောက်ရဲ့ဖြတ်သန်းမှုတွေကိုသေချာမမြင်ရပဲ လေသံမာမာနဲ့မာန်မဲလာရင်အရင်ကတည်းကစိတ်ဆတ်တဲ့သူပီပီဒေါသထွက်ကာအော်မိတော့တာပဲ။ပြီးတော့ မင်းမာန်မဲနေတဲ့လူက ငါအတော်ကြိုးစားကုယူခဲ့၊ဖြောင်းဖြပေးခဲ့ရတဲ့လူတစ်ယောက်။
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။