"ခင်ဗျားဘာလုပ်နေတာလဲ ပတ်ဂျီမင်!""နမ်းနေတာလေ..မင်းမမြင်ရဘူးလား"
အိမ်တော်ကြီးရှေ့ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်ကိုအနမ်းခြွေနေတဲ့မြင်ကွင်း။
မိုးမမြင်လေမမြင်နမ်းနေတဲ့ပတ်ဂျီမင်ရဲ့ပုံစံက ကျွန်တော့်နှလုံးသားကို ကူကယ်ရာမဲ့အောင်စွမ်းနိုင်လိုက်တာ။"ကျွန်တော့်အိမ်ရှေ့ကြီးမှာ"
"ဒီအိမ်ကိုမင်းပဲပိုင်တာမဟုတ်ဘူး"
"ဟုတ်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းပိုင်တာမဟုတ်ဘူး။ လုပ်..ကြိုက်သလိုလုပ်။ပျော်တယ်မလား။ဟင်..လုပ်ချင်တာလုပ်ရလို့အရမ်းပျော်နေတယ်မလား။ ကျွန်တော်မတားတော့ဘူး။ တားလို့လဲရတာမှမဟုတ်တာ"
နောက်ဆုံးအလျှော့ပေးခဲ့ရတာက ကျွန်တော်။
လှည့်ထွက်ကျောခိုင်းလိုက်တာနဲ့အသုံးမဝင်တဲ့မျက်ရည်တွေက ကျလာခဲ့ပြန်သည်။
ခင်ဗျားသိပ်ဆိုးတယ်ဗျာ။ ဘယ်လိုခန္ဓီမျိုးနဲ့များခင်ဗျားနှခမ်းနုနုနဲ့ခြွေနေတဲ့အနမ်းလေးကိုပေးရက်ပါ့မလဲ။စိတ်ပြေရာပြေကြောင်းကြိုက်တဲ့လူနဲ့တွဲလို့ပြောခဲ့ပင်မဲ့ လက်တွေ့ကျကျခင်ဗျားကလုပ်ဆောင်တဲ့အခါ ကျွန်တော်သေအောင်ခံစားရတယ်။ ဘယ်နေရာနာလို့နာမှန်းမသိ။
"ပြန်တော့..ယောကျ်ားစိတ်ကောက်သွားပြီ"
"အစ်ကို..နောက်နေ့ထပ်တွေ့ဦးမှာလား"
"မတွေ့ဘူး။ နင့်အလှည့်ပြီးပြီ"
"အစ်ကို"
ပိုက်ဆံတစ်အုပ်ကိုပစ်ပေးခဲ့ပြီး ဂျွန်သူဌေးလေးဝင်သွားရာအိမ်တော်ကြီးဆီသို့ ပတ်သခင်လေးလည်းဝင်ရောက်ခဲ့သည်။
ဂျွန်ဂျောင်ကုနဲ့ယူဂျွန်ဂျောင်ကုလုပ်စာထိုင်စားပြီးဂျွန်ဂျောင်ကုမကြိုက်တဲ့လုပ်ရပ်တွေလုပ်ရတာ သိပ်ပျော်စရာကောင်းတယ်။
အကြောင်းအရင်းမရှိပါပဲဂျွန်ဂျောင်ကုကိုစိတ်ဆင်းရဲအောင်လုပ်ချင်နေတယ်။ မ
ကြောင့်လားဆိုတော့လည်းမဟုတ်။ ဘာကြောင့်များပါလိမ့်။နှာထင်ကိုလက်နဲ့ဖိရင်းအိမ်အပေါ်ထပ်ဝရံတာကိုအကြည့်ရောက်မိတော့ ဆုံတွေ့ခဲ့ရတဲ့စူးရှရှမျက်ဝန်းဝိုင်းဝိုင်းတွေ။
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။