Part-18

3.3K 290 5
                                    


"ခင်ဗျားသိလား Jung ကျွန်တော် သူ့ကိုသိပ်ချစ်တာ..အများကြီးမယုံကြည်နိုင်သေးတာတောင် သူကျွန်တော့်ကိုချစ်လားလို့ မေးလာတိုင်း ငြင်းဆိုနေကျ ကျွန်တော့်ရဲ့အဖြေ
ကြောင့်သူ့မျက်နှာလေးညှိိုးကျသွားတာကို မြင်နိုင်စွမ်းမရှိတော့လို့ တူညီတဲ့ချစ်ခြင်းတွေပြန်ပေးခဲ့မိတာ"

"မင်းအထင်လွဲနေတာဖြစ်မှာပါ "

"သူတို့နှစ်ယောက်ကြားက သံယောစဥ်တွေကအထင်လွဲစရာတွေဖြစ်နေတယ်​လေဗျာ..ကျွန်တော်.. "

ရှိုက်သံသဲ့သဲ့ဟာရေပြင်ကျယ်ကြီးဘေးတိုးဖျော့စွာထွက်ပေါ်လာခဲ့သည်။အထင်လွဲမှုတွေအား ရင်ဖွင့်ခံဖြစ်နေရပါသော တစ်ဖက်လူကရောမူးနေတဲ့ကောင်ငယ်လေးကြောင့်မျက်ရည်မကြွေရဘူးလို့ထင်နေရော့သလားကလေးငယ်။သူ့ကိုသိပ်ချစ်ကြောင်းတွေမင်းကရင်ဖွင့်လာတဲ့အခါ ကိုယ်ကပြုံးပြုံးကြီးနဲ့ငိုပွဲဆင်နွှဲရမည့်ကောင်မျိုး။စိတ်ကြိုက်သာရင်
ဖွင့်လှည့်ပါ ကောင်​​လေးရယ်။မင်းအရမ်းနာကျင်လွန်းသွားခဲ့ရင်ကိုယ့်ရင်ခွင်ဆီ အချိန်မရွေးဝင်လာခွင့်ရှိပါတယ်။

"မငိုပါနဲ့ကွာ..နှပ်ချေးတွေထွက်ကုန်ပြီ"

"ကျွန်တော်ငိုနေမိတာလား"

"အင်း"

မူးဝေနေတဲ့မျက်ဝန်းတွေကမျက်စိရှေ့ကလူတစ်ဦးကိုတောင်ကောင်းကောင်းမကြည့်နိုင်တော့။ဝါးတားတားပုံရိပ်တွေမှာဘာကြောင့်အဆွေးပုံရိပ်တွေထင်ဟပ်နေရသလဲJung။

"ကျွန်​တော့်ကိုဘာလို့နှစ်သိမ့်မပေးတာလဲ Jung"

မင်းနဲ့မှ ကြုံတွေ့ခဲ့ရတဲ့နာကျင်မှုတွေ၊ကိုယ့်မှာနှစ်သိမ့်ပေးမည့်လူရယ်လို့ တစ်စုံတစ်ယောက်တောင်မရှိခဲ့ဘူးကလေး။ဘယ်လိုကျွမ်းကျင်မှုနဲ့များ ၊ဘယ်လိုစကားမျိုးနဲ့များ၊ဘယ်လိုနှလုံးသားမျိုးနဲ့များ မင်းကိုနှစ်သိမ့်ပေးရပါ့မလဲ။ကိုယ်မစွမ်းသာလိုက်တာကလေးရယ်။

"ကိုယ်က အဲ့ဘက်တွေမကျွမ်းဘူးလေ။ကိုယ့်ကိုလည်း ဘယ်သူကမှမနှစ်သိမ့်ပေးဖူးဘူး။ကိုယ်ဟာထာဝရတစ်ယောက်တည်းပဲ"

"အရင်က ဂျူဝမ်နှစ်သိမ့်ပေးနေကျ"

ဖျော့တော့နေတဲ့အသံလှိုင်းတွေဟာလေညှင်းတွေကြားထဲခေါင်းထောင်မတ်မိသည်အထိ။
ထပ်ပြီး ပြိုင်ဘက်ရှိနေပြန်ပြီလား?။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now