Part-4

4.7K 390 6
                                    


"အဲ့တာဘာလုပ်နေကြတာလဲ ပတ်ဂျီမင်!!!."

အလန့်တကြားအော်ဟစ်သံကြောင့် ရင်ခွင်ထဲမှာတွန်းခွာသွားသော အင်ယောင်းမီ။ ဂျောင်ကုအားလှည့်ကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်တော့။

"ငါ့အိမ်ထိလာပီး..လာခဲ့စမ်း!!"

နီးကပ်​နေတဲ့ခန္ဓာကိုယ်နှစ်ခုအားဆွဲဖယ်ကာမျက်နှာပြောင်တိုက်လွန်းတဲ့မိန်းမရဲ့ပါးပြင်ကိုအားဖြင့်ရိုက်ချလိုက်သည်။မိန်းမသားပေမို့ကြမ်းပြင်ပေါ်ပစ်စလက်ခတ်လဲကျသွားပုံကမြင်မကောင်း။ ဖြူလွန်းတဲ့ပါးပြင်ထက်မှာလဲလက်ငါးချောင်းရာကအထင်းသား။နှုတ်ခမ်းထောင့်စွန်းကသွေးတွေကတော့ ကျွန်တော့်အတွက်ပျော်ရွှင်ခြင်းလက်ဆောင်သေးသေးလေးပေါ့။

"ဂျွန်ဂျောင်ကု!!"

ကျွန်တော့်ချစ်ရသူလေးရဲ့စိုးရိမ်ဖျားခတ်နေတဲ့အသံလေးက ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။ မာယာတွေကြားဘယ်လောက်တောင်ပျော်မွေ့နိုင်ရတာလဲ ပတ်ဂျီမင်ရယ်။

"ဝင်မပါနဲ့။ ခင်ဗျားသောက်ရှက်မရှိဘူးလား..ဟမ်"

"မင်းထင်သလိုမဟုတ်ဘူးနော် ဂျွန်ဂျောင်ကု။ မ ကိုလုံးဝမထိနဲ့"

"ထိမှာ..ခင်ဗျားမထိစေချင်လို့ကိုပိုထိပြမယ်။ မျက်နှာပြောင်တိုက်လွန်းတဲ့မိန်းမ သတ်ပစ်မယ်"

ပြောလည်းပြောအရိုက်ခံရလို့မလှုပ်ရှားနိုင်တော့တဲ့ယောင်းမီကို​ခြံထဲသို့တရွတ်တိုက်ဆွဲခေါ်လေသည်။ အင်ယောင်းမီကဟန်ဆောင်နေတာပဲလား။ တကယ်ပဲမတတ်သာတာလားမသိ။ အင်္ကျီစကနေတရွတ်တိုက်ဆွဲမနေတာတောင်ဘာမှလည်းမပြောသလို ဘာတစ်ခုမှလည်းမချေပ။

"မင်းကို ငါပြောနေတယ်လေ။ လွတ်လိုက် မ ကိုလွတ်လိုက်ဂျွန်ဂျောင်ကု"

ဂျီမင် ယောင်းမီကိုဘယ်လောက်ထိချစ်တယ်ဆိုတာ တုန်ရီနေတဲ့အသံလေးနဲ့တင်သိနိုင်ပါတယ်။ ကိုယ်တိုင်လည်းဝင်ဆွဲနေပင်မဲ့ ခန္ဓာကိုယ်ထွားသူမို့ဂျွန်ဂျောင်ကုကိုပတ်ဂျီမင်မနိုင်ပါ။

"မလွတ်ဘူး!!..ငါမင်းကောင်မကိုသတ်ပစ်မှာ။ ငါ့အိမ်ထိလာပီးများငါ့ကိုရန်စရဲတယ်"

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now