"ဂျောင်ကု.."
"ဘာလဲ!"
"ငါတောင်းပန်ပါတယ် "
အချစ်ကအမှားကိုသိလို့ကလေးလေးလိုတောင်းပန်လာတဲ့အခါဂျွန်ဂျောင်ကုအကြောမတင်းရဲ။သို့ပေသည့်အပြစ်လေးတော့ပေးသင့်တယ်မလား။ခပ်ပုတ်ပုတ်မျက်နှာထားနဲ့အသံမာမာကိုသာပြောဆိုရင်းအနားလာရပ်နေတဲ့ဂျီမင့်ကိုစောင်းငဲ့ကြည့်သည်။တကယ်ရိုရိုကျိုးကျိုးလေး။ရင်ဘတ်ထဲဘာကောင်တွေပျံပြီးဘယ်ပန်းတွေပွင့်ကုန်မှန်းမသိ။
"ဘာကိုလဲ"
"ညက..ငါ ဆေးမိသွားတော့ နည်းနည်းမှားသွားတယ်"
"အဲ့တော့"
"ငါတောင်းပန်နေတာလေ"
ရုပ်လေးကိုကဆံပင်စုတ်ဖွား၊အင်္ကျီအကြီးကြီးနဲ့အိမ်နေရင်းဘောင်းဘီတိုလေးကိုဝတ်ထားပြီးနေ့လည်ခင်းရဲ့နတ်သားလေးဖြစ်နေပြန်ရော။မျက်နှာပေးကတော့နတ်သားနဲ့ကွဲပြားစွာခက်ထန်နေရုံကလွဲပြီးပတ်ဂျီမင်ကဒီအိမ်တော်ရဲ့လူတွေထဲမှာမှ ရှားပါသက်ရှိရုပ်သေးလေး။ကြိုးကိုလိုရာဆွဲချင်ပင်မဲ့လည်းတကယ်တမ်းအဆွဲခံနေရတာက ကိုယ်ဖြစ်နေတော့လည်းခက်သား။
"ဂျွန်ဂျောင်ကု!"
ဘယ်နှမိနစ်လောက်ကိုယ့်အိမ်သားကိုယ်ငေးမိပြန်ပြီလဲမသိ။တောင်းပန်နေတဲ့လူသားလေးထံမှဆူအောင့်အောင့်အသံလေးကြားလာရသည်။တောင်းပန်နေတာတဲ့။ မျက်နှာကပုတ်သိုးလို့။
"ဘာလို့တောင်းပန်နေတာလဲ"
"ငါမှားမှန်းသိလို့လေ"
"မင်းကဘာအမှားလုပ်ထားလို့လဲ"
"ငါမင်းအကြောင်းကိုသိရက်သားနဲ့..ပြီးတော့ညက ငါ့ဘက်ကစမှန်းလဲသိရက်သားနဲ့ မင်းကို ပြောမိသွားလို့လေ"
"ကျွန်တော့်ကိုဘာလို့ပြောရတာလဲ။မင်းဘက်ကစမှန်းသိရင်လေ..."
"ဟမ်!"
မအူမလည်မျက်နှာလေးဖြစ်သွားကာမေးတဲ့မေးခွန်းပေါ်ကိုသူလေးဘယ်လိုဖြေရမှန်းမသိ။
"ပြောလေ..မင်းဘက်ကစပြီးတောင်းဆိုမှန်းလဲ မင်းသိတယ်။ ကျွန်တော်မမှားဘူးဆိုတာလဲမင်းသိတယ်။ဒါဆို...ဘာလို့မနက်က "

BẠN ĐANG ĐỌC
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။