"ကြိုက်တာရွေးနော်"
"မလိုပါဘူးJungရဲ့..ကျွန်တော့်မှာအများကြီးရှိပါတယ်"
သူပိုင်တာပါဆိုတဲ့ Mallတစ်ခုဆီသို့ခေါ်လာကာ အဝတ်တွေရွေးယူခိုင်းနေတဲ့Jungအား နားမလည်နိုင်ပါ။ အားလပ်ရက်မို့ Jeonနဲ့Dateဖို့ချိန်းထားတာကို အလုပ်ကိစ္စအရေးကြီးပါတယ်ဆိုပြီး အမြန်လာခိုင်းတာ ဒီလိုအဝတ်တွေ ရွေးယူခိုင်းဖို့လား။ တန်ဖိုးကြီးပစ္စည်းတွေဆိုပင်မဲ့ ကျွန်တော်နဲ့Jungကဘာဆိုင်လို့ ယူခွင့်ရှိရမှာလဲ။ ပြီးတော့ Jeonနဲ့တွေ့ဖို့အချိန်ကလည်းနီးနေပြီ။
"ကိုယ်က စေတနာနဲ့ပေးတာပါ။ မင်းတစ်ယောက်တည်းမဟုတ်ဘူး။ ယောင်းမီကိုလည်း ကိုယ်လက်ဆောင်ပေးတယ်"
"ဗျာ..သြော်..ဟုတ်ကဲ့"
"ယူလေ..ဂျီမင်နဲ့ လိုက်တာလေးတွေကိုယ်ရွေးပေးမယ်။ မနက်ဖြန်ကျ ခရီးကသွားရတော့မှာဆိုတော့ လုံလုံလောက်လောက်ရှိ
သင့်တယ်""ကျွန်တော့်မှာရှိပါတယ်..ဟိုလေ..ကျွန်တော်.."
"အလုပ်ကိစ္စဆိုတာက တကယ်ရှိပါတယ်။ ဒီနေရာမှာပဲ နိုင်ငံခြားက ကိုယ့်အသိတစ်ယောက်နဲ့တွေ့ဖို့ချိန်းထားတယ်လေ..ဟိုတယ်ကိုဦးစီးနေတဲ့ လူတွေနဲ့ မိတ်ဆက်ပေးချင်တာ..အဲ့ကြောင့်လမ်းကြုံတုန်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို လက်ဆောင်လေးတွေပေးတာပါ။ ယူနော်..လာ..ကိုယ်ရွေးပေးမယ်"
လက်လေးကို ဆွဲကာ လိုက်ဖက်မယ်ထင်တာလေးတွေရွေးပေးမယ်ဆိုတာထက် Jungဟာ ကြုံတုန်းအချိန်အခါလေးမှာ ဒီလူသားလေးရဲ့လက်ကလေးတွေကိုဆုပ်ကိုင်ချင်ခဲ့တာ။
လိုက်ဖက်မယ်ထင်တဲ့အဖိုးတန်Brandတွေအစား တစ်ဖက်သတ်ဆိုတဲ့ အာဏာစက်အောက်က ကိုယ်လိုကောင်က မင်းနဲ့ပိုလိုက်ဖက်မယ်ထင်တယ်ကလေးငယ်။JungဟာMallထဲ အပြုံးလေးတွေဝေဆာနေပြီး လိုက်ဖက်မယ်ထင်တဲ့အရာအားလုံးကို ကိုယ်လုံးလေးနဲ့တိုင်း တိုင်းကြည့်ပြီး သိပ်ကိုလိုက်ဖက်သွားတဲ့အခါအသည်းယားစွာ ပြုံးပြလာတတ်သည်။ သူရွေးပေးတဲ့အဝတ်အစားတွေနဲ့ကလေးလေးက သိပ်
ကြည့်ကောင်းနေလို့မဟုတ်ပါဘူး။သူလက်လေးတွေကိုဆွဲပြီး လျှောက်သွားနေတာကို ကလေးလေးကမငြင်းလို့ သဘောတွေကျနေခဲ့တာ။ ခဏတာဆုပ်ကိုင်ခွင့်ရတဲ့မပိုင်ဆိုင်နိုင်သေးတဲ့လက်တစ်စုံကလည်း ဘဝမှာ တစ်ခါလောက်တော့ အကန့်အသတ်မဲ့အောင်ကိုပျော်ရွှင်စေတာပါပဲ။
BẠN ĐANG ĐỌC
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။