" ဟယ်လို ဂျွန်..ငါရောက်ပြီနော်"
"ကောင်းကောင်းရောက်ရဲ့လား အဆိုးလေး"
"ဘာအဆိုးလေးလဲ ငါလိမ္မာပါတယ်နော်.."
"ဟုတ်ပါပြီ..အရမ်းပင်ပန်းနေလား.."
"အင်း..နည်းနည်းပါ.. မင်းကိုမြင်လိုက်ရတော့ ခရီးပန်းနေတာတွေအားလုံးပျောက်သွားပြီ..ပြီးတော့ ဒီနိုင်ငံကအရမ်းလှတယ်..ငါ့အကြိုက်ပဲ"
ဘေးကင်းကင်းနဲ့ရောက်သွားတယ်ဆိုတာပြုံးရွှင်နေတဲ့မျက်နှာလေးနဲ့ချစ်ရသူအား
ကြည့်ရင်သိနိုင်ပါတယ်။ ထိုင်းနိုင်ငံကြီးဘယ်လောက်လှလဲမသိပင်မဲ့ သူသိပ်သဘောကျနေပြီဆိုရင်ပဲ စိတ်မချတဲ့ကြားကခွင့်ပြုပေးလိုက်ရတာတန်ပါတယ်လေ။မနေ့ညကထိကိုယ်ကစိတ်ဆင်းရဲနေပြီး သူလေးကချော့မြူနေရတာမလား။အခုတော့လွတ်လွတ်လပ်လပ်သဘောကျပါစေလေ။"သဘာဝရှု့ခင်းတွေနဲ့နိုင်ငံကြီးကိုပဲကြိုက်နော်..ကိုရီးယားကနှလုံးသားက ယဲ့ယဲ့လေးဆိုတာသိတယ်မလားဂျီမင်"
Screenထက်ကလွမ်းဆွတ်မှုတွေမှာလည်း သတိပေးစကားတွေပါနေတာပဲ။ ဂျွန့်နှလုံးသားကယိုင်နဲ့နဲ့လေးဆိုတာ ကြမ်းပြင်ပေါ်ဒူးနှစ်ဖက်ပိုက်လို့ငိုခဲ့တဲ့ ဂျောင်ကလေးကနမူနာပြခဲ့ပြီးသားလေ။ မောင့်အမျိုးသားငယ်လေးသိပ်နားလည်တာပေါ့။ အေးစက်တဲ့မျက်နှာလေးနဲ့သတိပေးသလိုပြောနေတဲ့ချစ်ရသူကြီးကို မျက်ခုံးလေးပင့်လို့ပြန်ကြည့်နေရင်း ဂျီမင်ကြိတ်အသည်းယားမိသည်။ မနေ့ညကထိသူအရမ်းကိုငိုနေခဲ့တာ။
"သိပါတယ်နော်..ငါ့ယောကျ်ားဘယ်လောက်ထိအသည်းနုတယ်ဆိုတာ"
ခြွေတာဆိုတာလေ ကြွေစရာနှလုံးသားမရှိတော့ရင်တောင် ဒီအမျိုးသားငယ်လေးခြေတော်အောက်ယောကျ်ားရင့်မာကြီးကျွန်တော်က တစ်ကိုယ်လုံးလဲပြို ကြွေကြသွားနိုင်တဲ့ ခြွေနေမှုတွေ။ ချစ်လိုက်ရတာ၊ဆုံးရှုံးရမှာကြောက်လိုက်ရတာ။သူ့ထက်စကားကြွယ်တဲ့အလှအပလေးတွေရှိနေတာတောင်သူ့ကိုမှညွှတ်ကျနေတဲ့စိတ်အစုံနဲ့နှလုံးသားကြီးကိုမေးခွန်းတွေအများကြီးထုတ်ပစ်လည်းမရနိုင်သော အဖြေမဲ့ခြင်းတွေ။
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။