"ငါပြန်ရောက်နေပြီJeon"ဖုန်းထဲကနေကြားလိုက်ရတဲ့အသံတိုးလျလျလေး။ အဖိုးတန်လူသားလေးတောင်ကိုယ့်အနားပြန်ရောက်လာခဲ့ပြီတဲ့လား။ချစ်ခြင်းတွေအရောင်မပါခဲ့ပင်မဲ့သံယောစဥ်တွေမခိုင်မြဲခဲ့ပါဘူးဆိုဘယ်သူယုံပါ့မလဲ။ကိုယ်ပျော်တယ်ထယ်။ ကိုယ့်အနားပြန်လာခဲ့ပေးလို့။
"တစ်ယောက်တည်း ပြန်လာခဲ့တာလား"
တစ်ယောက်တည်းစိတ်မချတတ်တာမို့မေးဖြစ်အောင်မေးလိုက်ရသေးသည်။
"အင်း..ဘာမှစိတ်မပူပါနဲ့ အခုမင်းဆီဖုန်းဆက်ပြောနေပြီပဲ။ ငါokတယ်Jeon..မင်းရော"
"အခုဘယ်မှာလဲ"
"ငါCafe ဆိုင်တစ်ခုမှာ"
"ကိုယ်လာခဲ့မယ်"
"အမြန်နော်"
"ဟုတ်ကဲ့ပါဗျာ "
ထယ့်ကိုသွားကြိုရန်ကားသော့ယူပြီး ဂျီမင့်အားပြောပြမယ်လုပ်တော့ ချစ်စရာကောင်းအောင်မနက်စာ စားနေတဲ့သူလေးကြောင့်ပြန်လာမှအကျိုးအကြောင်းပြောပြတော့မယ်ဟုတွေးကာ အမြန်ပဲထွက်လာခဲ့လိုက်သည်။
"ဂျောင်ကု..ငါ့ကို.."
အပြင်လိုက်ပို့ပေးရန်ပြောမလို့လှည့်ကြည့်တော့ရှိမနေတဲ့လူကြောင့်စိတ်ထဲအနည်းငယ်မျှအားငယ်မိသွားသည်။ဘယ်အချိန်တွေတည်းက ဒီကောင်နဲ့ပတ်သက်ပြီးအားငယ်နေမိပါလိမ့်။
"သခင်လေးဂျောင်ကု အပြင်ထွက်သွားပါတယ် သခင်လေးဂျီမင် လိုအပ်တာရှိရင် ကျွန်မတို့ကိုပြောလို့ရပါတယ်"
"ဘာမှမလိုဘူး..အဲ့ကောင်က..ဘယ်သွားတာတဲ့လဲ"
"မသိပါဘူးရှင့်..အရေးကြီးနေတဲ့ပုံတော့ ပေါ်တယ်။ဘာကိစ္စလဲတော့ ကျွန်မတို့လဲမသိပါဘူး"
"သွားတော့"
"ဟုတ်ကဲ့"
သူ့အချိန်တွေကိုငါ့အတွက်ပဲဖြုန်းမယ်လေးဘာလေးနဲ့ သောက်ပိုကောင်။အလုပ်လေးနည်းနည်းပေါ်လာတာနဲ့ ပြေးပြီ။ငါခိုးထွက်ရရင်တော့လား။
စိတ်ကောက်မိသွားတာလားမသိပင်မဲ့ နေထိုင်ခဲ့ဖူးတဲ့ဘဝနေ့စွဲတွေမှာ ဒီနေ့ကအတော်လေးနေလို့ကောင်းမနေ။ဘာတွေလှိုက်ဖိုနေမှန်းမသိ အလိုလိုနေရင်းဝမ်းနည်းလာတယ်။တစ်ခုခုကိုဆုံးရှုံးရတော့မလိုစိတ်ကြီးက ခေါင်းတစ်ခုလုံးကောင်းကောင်းမလည်ပတ်နိုင်အောင်ကြီးစိုးနေတယ်။
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။