"ကိုယ်နဲ့မင်း..ထိုင်းဘက်ကို အလုပ်ကိစ္စနဲ့ခရီးသွားရမယ်"
"ကျွန်တော် နဲ့လား.."
"အင်း..မလိုက်လို့မဖြစ်ဘူး"
မလိုက်ချင်ဘူးဆိုတာသိနေတယ်။ ငြင်းပယ်လာမယ်ဆိုတာကိုလည်း ကြိုမြင်နေတယ်။ မလိုက်လို့မှ မဖြစ်တာ။ ဒီခရီးစဥ်က လိုချင်နေတဲ့ဘဝအချိုးအကွေ့လေးတစ်ခုဖြစ်သွားနိုင်တယ်လေ။ ကလေးလေးကို တစ်သက်လုံးအပိုင်သိမ်းပစ်လိုက်ဖို့အထိ ရည်ရွယ်ထားတဲ့ခရီးလေးမို့ ကာယကံရှင်လေးကမလိုက်လို့ဘယ်ဖြစ်မလဲ။ Jung အနာဂတ် သာယာဖို့လမ်းစလေးမို့ ယုတ်မာလိုက်တာဆိုလည်း "ဘာဖြစ်လဲ" လို့ပဲပြန်ပြောလိုက်မယ်။ အစအဆုံးမဲ့သော စွဲလန်းခြင်းတွေဟာသိပ်ကြောက်စရာကောင်းနေခဲ့ပြီး တမြေ့မြေ့နဲ့ ဆွေးသွားခဲ့တာပဲရှိတာ။ မှန်ကန်တဲ့ဘဝနေထိုင်မှုတွေနဲ့ စိမ်းသက်နေဆဲJungဟာ မွေးဖွားခြင်းမှ သေဆုံးသည်အထိ မဟုတ်တာတွေပဲ ဆက်တိုက်လုပ်နေခဲ့ဦးမှာ။ သဘာဝလောကတရားနဲ့ လူ့ကျင့်ဝတ်တရားတွေကို လှောင်ပြောင်ဟားတိုက်ရင်း အရာအားလုံးကို ဆန့်ကျင်နေဦးမှာ။ အမှန်တွေအမှားတွေဆိုတာ ဘာလဲ Jungဘဝမှာ Jungလုပ်တာမှန်သမျှကသာအမှန်အကန်။
"ကျွန်တော် ဂျွန် နဲ့တိုင်ပင်လိုက်ပါဦးမယ်..ကျွန်တော်.."
"ကိုယ်ပြောပေးမယ်.."
"ဗျာ.."
"ကိုယ် ဂျွန် ကိုပြောပေးပါ့မယ်။ ဂျီမင်.. ထိုင်းကိုမရောက်ဖူးဘူးမလား..အဲ့နိုင်ငံကသိပ်လှတာ..အလည်အပတ်လေးလည်း ဖြစ်တာပေါ့"
"ဟုတ်ကဲ့..ကျွန်တော်လိုက်ချင်ပင်မဲ့.."
" ယောကျ်ားရသွားတာနဲ့ပဲ..ဂျီမင်လိုယောကျ်ားလေးတစ်ယောက်က လွတ်လပ်ခွင့်တွေဆုံးရှုံးခံလိုက်တော့မှာလား.."
"အဲ့လိုမဟုတ်ပါဘူး"
မဟုတ်တာတွေဗျာ။ သူ့စိတ်ကလေးအဆင်မပြေဖြစ်သွားမှာ ကြောက်လို့ ငြင်းနေခဲ့ရတာပါ။လွတ်လပ်ခွင့်တွေ မဆုံးရှုံးပါဘူး။ဂျွန် ပြုံးနေခြင်းသည်သာ ကျွန်တော့်လွတ်လပ်ခြင်းမို့ မျက်နှာကလေးညှိုးနေခဲ့ခြင်းဟာ စင်စစ်ငရဲတွေဖြစ်ခဲ့လို့ သံသယလေးတွေမဖြစ်စေချင်လို့ပါ။ ကျွန်တော်ချစ်ရတဲ့ ဂျွန် ထပ်ပြီး ဝမ်းနည်းရမှာစိုးလို့ငြင်းချင်နေခဲ့တာ။ ဝန်ခံဖို့ခက်ပင်မဲ့ ဂျွန် ရှိတဲ့ အရပ်ပဲ မျက်နှာမူချင်တယ်Jung။
ESTÁS LEYENDO
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanficချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။