"ဘာပြောလိုက်တယ်!.."
"ဟုတ်တယ်။ မင်းကြောင့် သူတို့တွေခုလိုကတောက်ကဆဖြစ်ရတာ။ မင်းကမကောင်းတဲ့ကောင်ပဲ"
"ဟ..ဟားဟား.."
ခဏလောက်စကားပြောရအောင်ဟုဆိုကာ ဗလိုင်းကြီးရန်တွေ့နေတဲ့လူအား Jungဟက်ဟက်ပက်ပက်လှောင်ရယ်လိုက်သည်။ ချစ်လို့မှားခဲ့တဲ့အမှားတွေအပေါ် ကိုယ် ကိုယ်တိုင်တောင်ဘယ်တုန်းကမှသုံးသပ်ကြည့်ခဲ့တာမှမဟုတ်တာ။ဒီလိုဘာမဟုတ်တဲ့လူရဲ့စကားကိုနားထောင်ရလောက်အောင်အထိ Jung Hoseok အတွေးတွေရွှင်မြူးမနေဘူး။
"မရယ်နဲ့ မင်းကသူများအိမ်ထောင်ရေးကို ဖျက်ဆီးချင်နေတာ မင်းလုပ်နေတာတွေအခုချက်ခြင်း ရပ်တန်းကရပ်လိုက်ပါတော့"
"ဘာလို့ရပ်ရမှာလဲ။ ဘာအကြောင်းပြချက်နဲ့လဲ။ ဟင်"
ဘယ်တော့မှရပ်မှာမဟုတ်ဘူးဆိုတဲ့ အကြည့်တွေနဲ့ ပြန်ကြည့်လာတဲ့လူရဲ့စကားတွေအရ သူဂျီမင်ကိုတော်တော်လေးသဘောကျပုံရတယ်ဆိုတာ ရိပ်စားမိပါတယ်။ဒါပင်မဲ့လည်း ဖြစ်မှမဖြစ်နိုင်တာ။ Jeonအဆုံးထိပျော်ရွှင်သွားရမယ်လေ။ ကိုယ့်အတွက်မဟုတ်တဲ့ သူ့မေတ္တာတရားလေးက ထာဝရသူ့အနားပဲရှိသွားရမယ်လေ။ အနှောက်အယှက်ကင်းကင်းနဲ့ ထာဝရအဆုံးထိပျော်ပျော်ရွှင်ရွှင်လေးပေါ့။
"မင်းက.."
"ငါသဘောကျရုံလောက်နဲ့ လူတစ်ယောက်ကို အောက်ကျခံမလိုက်ဘူး။ သူက ငါတကယ်မြတ်နိုးလို့။ ငါတကယ်တန်ဖိုးထားလွန်းတဲ့သူမို့။ ငါတကယ်နှစ်နှစ်ကာကာချစ်မိသွားတဲ့ ပထမဆုံးရင်ခုန်ရာလေးမို့..ငါအဆုံးရှုံးမခံနိုင်တာ မှားနေလို့လား"
"မှားတယ်"
"ဘယ်နေရာမှားနေတာလဲ"
အချေအတင်သောအပြုအမူနဲ့စကားတွေမှာ နှစ်ဦးစလုံးရဲ့မျက်ဝန်းတွေ ရဲနေခဲ့တယ်။ လက်တွေလည်း အနည်းငယ်မျှတော့တုန်ရီနေမှာပေါ့။ ချစ်ရတဲ့သူပျော်ရွှင်ရဖို့အတွက်ကြိုးစားနေတဲ့ ထယ်လည်း ငိုချင်နေမယ်။သူများပိုင်တာဆိုတဲ့အထာနဲ့ ဆရာကြီးလိုတရားလာချနေတဲ့လူရဲ့စကားတွေ
ကြောင့်Jungလည်းငိုချင်နေလိမ့်မယ်။သူများအပိုင်တွေကိုနှစ်သက်စွဲလန်းရတာက သိပ်မောဟိုက်ရတယ်ဆိုတာ လက်တွေ့ကျကျခံစားနေရလည်း နောက်ဆုတ်မည့်အထဲJungမှပါမနေတာ။
KAMU SEDANG MEMBACA
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fiksi Penggemarချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။