"အင်း..ကိုယ်တကယ်အဆင်ပြေပါတယ်။မင်းလည်းဂရုစိုက်နော်။နွေးနွေးထွေးထွေးလေးနေ။ညဘက်တွေအပြင်မထွက်နဲ့။သူစိမ်းနိုင်ငံဆိုတော့ တစ်ခုခုဖြစ်မှာစိုးရိမ်တယ်""......"
"အစစအရာရာ ဂရုစိုက်"
"........"
"ကိုယ်တကယ်လွမ်းနေတာပါထယ်ရာ။ဖြစ်နိုင်ရင် အဲ့ဒီ့ကိုလိုက်လာချင်တာ"
ဒုန်း!!!!!!!
ကြည်နူးပြောဆိုနေတဲ့စကားသံတွေကို ဖြိုခွင်းလိုက်တဲ့ဆူညံသံတစ်ခု။ကန်ထုတ်လိုက်တဲ့သံခုံကတော့ အကန်ခံရသူရဲ့အဝေးသို့ရောက်ရှိသွားသည်။လန့်သွားတယ်လို့မဟုတ်ပင်မဲ့ရုတ်တရက်ကြားလိုက်ရတာကြောင့်လှည့်ကြည့်မိတော့ မနေ့ညကအိမ်ပြန်မလာတဲ့အပေအတေသေးသေးလေး။
"ဒါပဲနော်ထယ်..ကိုယ်ကိစ္စလေးတွေရှိနေလို့"
ထယ့်ဆီမှဖုန်းကိုအမြန်ချလိုက်ပြီးပြန်လာသူကိုဂရုပြုမိလေတော့ ကြည့်နေတဲ့အကြည့်တွေကရွံရှာရှာအကြည့်တွေ။
"ပြန်လာပြီလား..ဘယ်လောက်တောင်ဖြုန်းခဲ့လဲ"
စနောက်နေကြမို့ ရွှတ်နောက်နောက်မေးလိုက်ပင်မဲ့မဆိုင်သလိုကြည့်ကာလှည့်ထွက်သွားတော့သည်။စိတ်ထဲဖျင်းကနဲ။
"ကျွန်တော်မေးနေတယ်လေ"
လှမ်းပြောလည်းဂရုမစိုက်သွားမြဲသွားနေဆဲ။
အပြေးလိုက်ကာလက်ကိုလှမ်းဆွဲလိုက်တော့"ငါ့အသားကိုမထိနဲ့"
လက်တွေကိုအတင်းဖြုတ်ချကာထွက်သွားဖို့ပြင်နေတဲ့သူ။မျက်နှာကလည်းနည်းနည်းလေးမှရွှင်မနေ။ဘာတွေများဘဝင်မကျဖြစ်နေပြန်တာလဲ။အမှားလုပ်ထားတာကသူပါ။
ဘယ့်နှယ် ကျွန်တော်ကအပြစ်သားကြီးကျလို့။"ဘာဖြစ်နေတာလဲ။မနေ့ကတည်းမေးမလို့။ပေတေပြီးပြန်မလာဘူး။ ဘယ်မှအိပ်တာလဲသူငယ်ချင်းအိမ်မှာလား။ဒါမှမဟုတ် ဟိုတယ်မှာလား"
"ဘယ်မှာအိပ်မိမှန်းမသိဘူး...နိုးလာတော့ ကောင်မလေးတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်နေတယ်"
"ပတ်ဂျီမင်!!"
ဒီမနက်လည်းဆူရပြန်ပြီ။အတည်တကျသာယာမည့်နေ့ဆိုတာဘယ်ဆီမှာလဲ။မမျှော်လင့်ရဲ၊မယုံကြည်ရဲဘူး။တစ်နေ့တစ်မျိုးပြောင်းလဲနေတဲ့ပတ်ဂျီမင်ကြောင့်လူလည်းခေါင်းခြောက်ရသလို၊နှလုံးသားလည်းပင်ပန်းရတယ်။အခုလဲလာရွဲ့နေပြန်ပြီ။
DU LIEST GERADE
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။