!unicode!
"သွင်ခန့်! ကျောင်းသားသွင်ခန့်!!"
သူ့နာမည်ကိုခေါ်နေသောမိန်းမတစ်ယောက်၏အသံကသွင်ခန့်နားထဲကိုစူးရှစွာဝင်ရောက်လာသည်။ သို့သော် သူ့အိမ်မှာရွိုင်းနှင့်သူနှစ်ယောက်တည်းပဲရှိတာကို၊ ဘယ်ကမိန်းမကရောက်လာမှာတုန်း။ ထို့အပြင် သွင်လန့်ကျောင်းပြီးသွားတာကြာပြီဖြစ်သည်။ ဒါကြောင့်မို့ ထိုအသံကိုမကြားချင်ယောင်ဆောင်ကာ နားကိုပိတ်ပြီးပြန်အိပ်ရန်ပြင်လိုက်သည်။"ဟေ့ကောင်သွင်ခန့်! မင်းကိုဆရာမခေါ်နေတယ်လေ။ ဟေ့ကောင်!"
ထိုစဥ်တစ်စုံတစ်ယောက်ကသူ့ကိုယ်ကိုလှုပ်ယမ်းလာပြီး နားထဲသို့တီးတိုးဆိုလာသည်။ ထိုတိုးဖွဖွအသံက ပိုပြီးနားငြီးသဖြင့် သွင်ခန့်မျက်လုံးမဖွင့်ဘဲ မျက်ခုံးတွေကိုတွန့်ခေါက်လျက် မှောက်အိပ်နေရာမှထထိုင်လိုက်တော့သည်။ထိုအခိုက်၊ သူတစ်ခုခုကိုသတိထားမိသွားသည်။ သူမှောက်အိပ်နေရာကနေထထိုင်လိုက်တာမလား။ ထိုအတွေးနှင့်အတူ သူ့မျက်လုံးတွေကိုဗြုန်းစားကြီးဖွင့်ကြည့်လိုက်တော့ သူ့ရှေ့တည့်တည့်တွင် ထိပ်ဆုံး၌ပရိုဂျက်တာရှေ့တွင်မတ်တပ်ရပ်နေသော ရှပ်အကျီအဖြူ၊အနက်ရောင်ဒူးအုပ်စကပ်အနက်ဝတ်ထားသော ဆံပင်ကုတ်ဝဲနှင့်မိန်းမတစ်ယောက်က သူ့ကိုခါးထောက်၍ကြည့်နေပြီး စားပွဲ၊ထိုင်ခုံကိုယ်စီနှင့်ထိုင်နေကြသော ကျောင်းသား၊ ကျောင်းသူများရှိကြသည်။
သူဘယ်ကိုရောက်နေတာလဲ? စာသင်ခန်းထဲကိုသူကဘယ်လိုလုပ်ပြီးရောက်လာရတာလဲဟ?
သွင်ခန့်မယုံကြည်နိုင်မှုဖြင့်မျက်လုံးများဝိုင်းစက်သွားရကာ ပါးစပ်လည်းအဟောင်းသားဖြစ်သွားသည်။ ဒါအိပ်မက်ဖြစ်မည်ဟုတွေးမိတာကြောင့် သူ့လက်ကိုဆွဲဆိတ်ကြည့်လိုက်ပေမဲ့ နာကျင်ပြီးခရမ်းရောင်ဖြစ်သွားသောလက်ကောက်ဝတ်က ဒါဟာအိပ်မက်မဟုတ်မှန်းသက်သေပြနေသည်။
နေပါအုံး....သူကရွိုင်းနဲ့ချစ်တင်းနှောနေရင်း တစ်ဝက်တစ်ပျက်မှာတင်မေ့မျောသွားတာလေ...အခုကျတော့ ခါတိုင်းလိုမနက်နိုးလာတိုင်း ရွိုင်းရဲ့"သွင်လေးနိုးပြီလား"ဟု ချွဲပစ်ပစ်အသံကိုကြားရမည့်အစား ဒီလိုစာသင်ခန်းထဲကို ဘယ်လိုရောက်မှန်းမသိရောက်လာခဲ့တယ်ပေါ့လေ...။
YOU ARE READING
Everyone scare of me Except him!! (System) (Own Creation) [Completed]
AdventureFIND THE SOUL & LOVE HIM..... Start date_29.7.2020 End Date_ 26.12.2020. #Own Creation #Both Unicode and Zawgyi can be available!