#Unicode
သွင်ခန့် သူ့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်တော့ သူရောက်နေတဲ့ နေရာက ပုံမှန်ခေတ်သစ်ကမ္ဘာ မဟုတ်တာကို သိလိုက်သည်။ အခန်းကလဲ ရှေးဟောင်းနန်းတွင်း ပုံစံမျိုးဖြစ်ပြီးတော့ ပရိဘောဂတွေကလည်း ရှေးဆန်သည်။ သွင်ခန့် အခန်းပတ်ပတ်လည်ကို လိုက်ကြည့်ပြီးတော့ အသိအမှတ်ပြုလိုက်ပြီး ဒီကမ္ဘာရဲ့ ဇာတ်ကြောင်းတွေကို လေ့လာလိုက်တော့သည်။
ဒီကမ္ဘာရဲ့သားတော်က မင်ဂျွန်ဆောင်း ဖြစ်ပြီးတော့ သူက ဟန်မင်းကြီးရဲ့ကိုယ်လုပ်တော်က မွေးတဲ့ သားတစ်ယောက်ဖြစ်သည်။ ဟန်မင်းကြီးရဲ့ ကိုယ်လုပ်တော်က မွေးသော်လည်း သူက ဟန်မင်းကြီးရဲ့ သားတော်အရင်းမဟုတ်ပေ။ ဟန်မင်းကြီးရဲ့ အမည်နာမက ဟန်ယူဂီ ဖြစ်ပြီး အသက်၁၈နှစ်ကတည်းက ထီးနန်းဆက်ခံခဲ့တာဖြစ်သည်။
ဟန်မင်းကြီးတွင် ချန်ဆွန်းယောင်းလို့ အမည်တွင်တဲ့ မိဖုရားခေါင်ကြီး တစ်ပါးရှိသည်။ အနောက်ဆောင်တွင်လည်း ကိုယ်လုပ်တော် အများအပြားရှိသည်။ သို့သော် မင်းကြီးက မိဖုရားခေါင်ကြီးကိုသာ ချစ်မြတ်နိုး၍ အနောက်ဆောင်ကို ခြေဦးပင် မလှည့်ပေ။ အနောက်ဆောင်က ဟန်ပြသက်သက်သာဖြစ်ပြီး တိုင်းတပါးဆက်သတဲ့ မင်းသမီးတွေကို ထားရာနေရာဖြစ်သည်။
ဇာတ်လိုက် မင်ဂျွန်ဆောင်းက မင်အာရာ လို့ခေါ်တဲ့ မင်အင်ပါယာရဲ့ မင်းသမီးတစ်ယောက်ဖြစ်သည်။ သူမက ဟန်အင်ပါယာကို ကိုယ်လုပ်တော်အဖြစ် ဆက်သခြင်းခံခဲ့ရသော်လည်း သူမတွင် ချစ်သူကောင်လေးရှိသည်။ ထိုချစ်သူကောင်လေးက သူမ ကိုယ်လုပ်တော်ဖြစ်တော့မည်ကို သိတဲ့နေ့မှာပဲ သူမကို လာရှာခဲ့ပေမယ့် သူမရဲ့ဖခမည်းတော်က သူမရဲ့ချစ်သူကောင်လေးကို အဆုံးစီရင်ခဲ့သည်။ သူမက ဟန်အင်ပါယာကို စရောက်လာတည်းက သူမရဲ့ကိုယ်ဝန်က ၂ပတ်လောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုအခြင်းအရာကို သူမ ဟန်အင်ပါယာကို ရောက်ပြီး ၃ပတ်အကြာမှာ ဟန်မင်းကြီးနဲ့ သူ၏ မိဖုရားချန်က သိသွားခဲ့သည်။
ဟန်မင်းကြီးက ကိုယ်လုပ်တော်တွေကို စိတ်ဝင်စားခြင်းမရှိသောကြောင့် ဒီကိစ္စကို အလေးမထားချင်ပေမယ့် မှူးမတ်တွေကတော့ သူမကို သေဒဏ်ပေးဖို့ လျှောက်တင်ကြသည်။ ဟန်မင်းကြီးက သူ၏ မိဖုရားချန်နဲ့ တိုင်ပင်ခဲ့သည်။ မိဖုရားချန်က ကလေးမှာ အပြစ်မရှိကြောင်း ပြောသည်။ သူမသည်လည်း ကလေးလွယ်ချင်ပေမယ့် နန်းတွင်းနတ်ဆရာမတွေက အချိန်မတန်သေးဘူးလို့ ပြောသည်။ မိဖုရားချန်က ကိုယ်လုပ်တော်မင်နဲ့ သွားတွေ့ခဲ့ပြီး ကလေးကို ရအောင် မွေးဖို့ ပြောခဲ့သည်။
![](https://img.wattpad.com/cover/234918855-288-k660092.jpg)
ŞİMDİ OKUDUĞUN
Everyone scare of me Except him!! (System) (Own Creation) [Completed]
MaceraFIND THE SOUL & LOVE HIM..... Start date_29.7.2020 End Date_ 26.12.2020. #Own Creation #Both Unicode and Zawgyi can be available!