Arc_1.2

9.7K 1.2K 20
                                    

#Unicode

သူခရစ်ကို တွဲဲပြီးတော့ ရွာထဲကိုပဲပြန်လာခဲ့လိုက်သည်။ ခရစ်ရဲ့အိမ်နားကို ရောက်တော့
ခရစ်ရဲ့ အဖေနှစ်ယောက်က စိုးရိမ်တကြီးနဲ့ အိမ်အပြင်မှာ ရပ်စောင့်နေတာကို တွေ့လိုက်ရသည်။ သူတို့ကိုတွေ့တော့ ခရစ်ရဲ့အဖေရွာလူ​ကြီး က ခရစ်ကိုတွဲသယ်ပြီး အိမ်ထဲကိုလိုက်ပို့ပေးသည်။ ခရစ်ရဲ့အဖေနောက်တစ်ယောက်ကတော့ ဝမ်းနည်းပက်လက် ငိုကြွေးနေရင်းနဲ့ ရွာထဲက ဆေးဆရာကို ကောင်လေးတစ်ယောက်ကိုခေါ်ခိုင်းလိုက်ပြီး ခရစ်ရဲ့ဘေးမှာပဲနေနေသည်။
ရွာလူ​ကြီး က မျက်ရည်မထွက်အောင်လို့ မျက်တောင်ကိုပုတ်ခတ် ပုတ်ခတ် လုပ်နေပြီး ခင်ပွန်းသည်ရဲ့အရှေ့မှာ သူ့ရဲ့ပျော့ညံမှုကို မမြင်ရအောင်နေနေသည်။ ပြီးတော့ အိုင်းကိုစိုက်ကြည့်ပြီး အံကြိတ်သံနဲ့ ပြောသည်။

"စကား ခဏပြောရအောင်"

သူလဲဘာမှပြန်ပြောမနေတော့ပဲ ခရစ်အဖေ ရွာလူကြီးနောက်ကနေ တိတ်ဆိတ်စွာနဲ့ပဲ လိုက်ခဲ့လိုက်တယ်။
ခရစ်ရဲ့အဖေ ဦးဆောင်ရာကိုလိုက်ရင်းနဲ့ အိမ်နဲ့ဝေးတဲ့ တစ်နေရာကို ရောက်တော့ ခြေလှမ်းတွေကို ရပ်ပြီး အိုင်းဘက်ကို လှည့်လာသည်။

"ဒီနေ့ကိစ္စကရော ဘယ်လိုဖြစ်တာလဲ"

"ကျွန်တော်တို့ နှစ်ယောက် အမဲလိုက်ရင်းနဲ့ တောဝက်လိုက်တာ ခံရတာပါ ခရစ်က တောဝက်ကို မြှားခေါ်သွားပြီး.."

"အဲ့လိုနဲ့ပဲ လွှတ်လိုက်ရောလား မင်းတစ်ယောက်ထဲ ကိုယ်လွတ်ရုန်းပြီး ထွက်လာတယ်ပေါ့.. မင်းက မင်းရဲ့သဘောမပါပဲ စေ့စပ်ရလို့ဆိုပြီးတော့ မကျေနပ်လို့ ခရစ်ကို ရှင်းချင်တာလား? အဲ့ဒါဆိုရင် မင်းလွတ်လွတ်လပ်လပ်နေလို့ရပြီ ထင်တယ်ပေါ့လေ"

ဟက်.. ဒီလူကြီးကတော့ ဂွင်ဆင်နေပြီဆိုတာ အသိသာကြီး။ အရင်ကတည်းက ဒီလူက သူ့သားနဲ့ မူလပိုင်ရှင်ကို သဘောတူချင်တာမှမဟုတ်တာ။ မူလပိုင်ရှင်ရဲ့ မိဘတွေရှိတုန်းကသာ မဖြစ်မနေ စေ့စပ်ပေးလိုက်ရတာ။ အဲ့ဒါကိုမကျေနပ်လို့ အကြောင်းရှာပြီး ဘယ်လိုဖျက်ရမလဲ စဥ်းစားနေတာလေ။ ခရစ်က တိုနီနဲ့ လက်ထပ်မယ်လို့ ခွင့်လာတောင်းတော့လဲ ချက်ချင်းကို ခွင့်ပြုလိုက်တာ။ မူလပိုင်ရှင်ရဲ့ ခံစားချက်ကို သိရဲသားနဲ့ တမင်လုပ်တာ။
ခရစ်ရဲ့​နောက်အဖေတစ်ယောက် ကတော့ မူလပိုင်ရှင်ကို သဘောကျတယ်။ အဲ့လိုဆိုပြီး တိုနီကို သဘောမကျဘူးဆိုပြီး တင်းခံနေပေမယ့် ဟိုက တချက်ချွဲပြလိုက်တာနဲ့ တိုနီမှ တိုနီ ဖြစ်နေတော့တာပဲ မူလပိုင်ရှင်က မရှိသလိုပဲ။

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now