Arc_6.8

4.3K 612 13
                                    

#Unicode

Warning: Violence Scene

ထိုလူကတော့ ကားတံခါးဖွင့်ဝင်လိုက်ကာ ကားကို ချက်ချင်း မောင်းမထွက်ပဲ ခုံကို နောက်ကျောမှီပြီး မျက်လုံးမှိတ်ထားလိုက်သည်။ ဆေးသုံးထားတာကြောင့် သူ့စိတ်က တိမ်ပေါ်လွှင့်နေသလိုပင် ခံစားနေရကာ သာယာမှုကို စီးမျော ခံစားနေသည်။ သူက နိုးတစ်ဝက်၊ မနိုးတစ်ဝက်ဖြစ်နေသော်လည်း ဆေး၏ အကျိုးသက်ရောက်မှူကြောင့် အနည်းငယ်မှိန်းချင်လာသည်။ ဒါကြောင့် သီချင်းအေးအေးလေး ဖွင့်ကာ စည်းစိမ်ခံစားနေလိုက်သည်။

ထိုစဥ် သူ၏ကားနားကို အရိုးခေါင်းမျက်နှာဖုံး တပ်ထားသော လူတစ်ယောက် ရောက်လာသည်။ ထိုသူက ကားတံခါးကို ခေါက်နေပေမယ့် သီချင်းအသံက ကားထဲမှာ ကျယ်လောင်နေတာကြောင့် ကားအထဲက ထိုလူက မည်သည့်အသံမျှ မကြားရပေ။ ဒါကြောင့် အရိုးခေါင်းမျက်နှာဖုံးနှင့်ထိုလူက ပြုံးလိုက်ကာ သူ့ကျောပိုးအိတ်ထဲက မှန်ဖောက်ထွင်းရေးစက်ငယ်လေးကို ထုတ်လိုက်ပြီး ကားထဲမှထိုလူ ထိုင်နေသောဖက်က ကားတံခါးပေါ်မှာ တင်လိုက်ပြီး အတော်အတန် အပေါက်တစ်ပေါက် ဖောက်လိုက်သည်။ ထိုစက်က သူခိုးအကြီးစားတွေသာ သုံးတာကြောင့် အသံမထွက်သော စက်ဖြစ်၏။ ထိုစက်ကြောင့် ကားမှန်ပေါ်တွင် အဝိုင်း အရာလေးဖြစ်သွားလေသည်။ အရိုးခေါင်းမျက်နှာဖုံးနှင့်ထိုလူက ထိုမှန်ကို ဖြုတ်လိုက်တော့ လူတစ်မျက်နှာစာ အပေါက်ဖြစ်သွားသည်။ ကားအထဲမှ ထိုလူကတော့ ဘာမှကိုမသိရှာပေ။

အရိုးခေါင်းမျက်နှာဖုံးနှင့်လူက အိတ်ထဲကနေ ပစ္စည်းတစ်ခု ထပ်ထုတ်လိုက်ပြန်သည်။ ထိုအရာကတော့ လွှငယ်လေးပင် ဖြစ်ပါ၏။ သူက လွှငယ်လေးကို ခုနကဖောက်ခဲ့တဲ့ အပေါက်လေးထဲ ထည့်လိုက်သည်။ ထိုလွှငယ် ဦးတည်ရာကတော့ ကားထဲကလူ၏ လည်ပင်းတည့်တည့်ဆီသို့။ ကားထဲမှလူက သူ့လည်ပင်းပေါ်က အေးစက်စက် အထိအတွေ့နှင့် ယားကျိကျိ ခံစားချက်တို့ကြောင့် အလိုလိုက်သော လေသံဖြင့် ပြောလိုက်သည်။
"မဆိုးနဲ့ကွာ"
အမှန်တကယ်ပင် ထိုလူမက်နေသော အိပ်မက်က ဘယ်လိုအိပ်မက်ဆိုတာ မသိပါ။

လွှငယ်လေးကတော့ ထိုလူ၏ လည်ပင်းပေါ်တွင် ပျော်ရွှင်စွာ ပြေးလွှားနေကာ ထိုလူ၏ သွေးများကို သောက်သုံးနေပါ၏။ ကားအပြင်ဖက်မှ အရိုးခေါင်းမျက်နှာဖုံးနှင့်လူကတော့ လွှလက်ကိုင်ကို ကိုင်ကာ ဖြည်းဖြည်းချင်း ထိုလူ၏ လည်ပင်းကို တိုက်စားနေပါ၏။ ကားအထဲမှလူက တဖြည်းဖြည်းနှင့် ဆေးအရှိန်အနည်းငယ် ပြေသွားတာကြောင့် သူ့လည်ပင်းပေါ်မှ နာကျင်မှုကို ခံစားလာရသည်။ ထို့ကြောင့် မသိစိတ်အရ မျက်လုံးဖွင့်လိုက်တော့ သူ့လည်ပင်းပေါ်တွင် လှုပ်ရှားနေသော လွှကို မြင်လိုက်ပါ၏။ မလှုပ်ရှားရဲပဲ လွှလာရာဖက်ကို မျက်လုံးလေးလိမ့်ကြည့်လိုက်တော့ အရိုးခေါင်းမျက်နှာဖုံးကို တွေ့လိုက်ပါ၏။ ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားစဥ်မှာပဲ အရိုးခေါင်းမျက်နှာဖုံးနှင့်လူက သူ့လည်ပင်းပေါ်ကလွှကို ရုတ်သိမ်းသွားလေတော့သည်။ ကားအထဲမှလူက သူ့လည်ပင်းကနေ စိုစိစိအရည်တစ်ချို့ စီးဆင်းနေသလို ခံစားရတာကြောင့် ထိုလည်ပင်းကို ကိုင်ကြည့်လိုက်ပြီး လက်ကို ကြည့်လိုက်တော့ သွေးများ ကပ်ပါလာလေသည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Dove le storie prendono vita. Scoprilo ora