Arc_4.9

5.3K 718 13
                                    

#Unicode

အမည်မသိဂြိုဟ်ပေါ်၌...

ရွှေအိုရောင်ဆံပင်တိုနဲ့ ကောင်လေးတစ်ယောက်သည် ဝတ်ရုံရှည်ကို ဝတ်ထားကာ ဖန်သားပြင်ပေါ်မှာပေါ်နေတဲ့ တစ်စုံတစ်ယောက်ရဲ့လက်ထဲက ကျောက်တုံးကို ကြည့်နေလေသည်။ သူရဲ့ သွယ်လျလှပတဲ့ လက်ချောင်းကလေးတွေက ဖန်သားပြင်ပေါ်က ကျောက်တုံးရှိတဲ့နေရာကို ကိုင်လိုက်ပြီး မျက်ရည်ဝဲကာ ဆိုသည်။
"နေသန်..."

သူ လွမ်းဆွတ်စွာ ပူဆွေးနေတုန်း သူ၏ အနောက်တွင် အမည်းရောင်အငွေ့များပေါ်လာကာ အကောင်တစ်ကောင် ဖြစ်သွားလေသည်။
ကောင်လေးက မျက်ရည်တွေကို သုတ်လိုက်ပြီး ထိုအကောင်ကို ကြည့်လိုက်သည်။ ထိုအကောင်က ကောင်လေးကို ဦးညွတ်လိုက်သည်။ ထိုအကောင်ရဲ့ ခန္တာကိုယ်ပုံသဏ္ဍာန်က ခွေးနဲ့တူပြီး အရောင်ကလဲ မဲနက်ကာ မျက်နှာပုံစံကတော့ မျက်လုံးများက မှေးကျဥ်းကာ ပါးစပ်ကတော့ အစွယ်တွေနဲ့ပြည့်နေသည်။

"နက်စ်....မင်းကို သူ ဘာခိုင်းလိုက်တာလဲ"

"!^@%#"
ဇီးရိုးဝမ်းကို သတ်ခိုင်းလိုက်တာပါ

"ဇီးရိုးဝမ်းကို..."

"...."

"ကောင်းပြီ...မင်းတာဝန်က ဇီးရိုးဝမ်းကို ကာကွယ်ရမယ်...​ပြီးတော့ ဇီးရိုးဝမ်းနဲ့ အတူရှိနေတဲ့ ကောင်လေးကိုရောပဲ"

"@#%!"
ဟုတ်ကဲ့...သခင်

"သွားတော့...နက်စ်..."

"....."
ပြောပြီးတော့ ထိုနေရာမှ နက်စ် ပျောက်ကွယ်သွားလေသည်။ ကောင်လေးကတော့ အိပ်ယာပေါ်မှာ အိပ်ချင်ယောင်ဆောင်လိုက်လေသည်။

ခဏကြာတော့ အခန်းထဲကို ဇက်ခ်ဝင်လာလေသည်။
သူ့ရဲ့ နှုတ်ခမ်းကလဲ ပြုံးနေပြီးတော့ အိပ်ယာပေါ်က ကောင်လေးကို ကြည့်နေသည်။ သူပါ အိပ်ယာပေါ်တက်ကာ ကောင်လေးရဲ့ဘေးကို ဝင်လှဲအိပ်လိုက်ပြီး  ကောင်လေးရဲ့ခါးကို ဖက်ကာ လည်ပင်းကို တစ်ချက်နမ်းလိုက်သည်။
"မင်းက ငါ့အပိုင်ပဲ..နီးယပ်စ်..ဘယ်သူကမှ လာလုလို့မရဘူး...ထာဝရ ငါ့ရဲ့အပိုင်"

ထိုသို့ပြောပြီး အိပ်ပျော်သွားလေသည်။ အိပ်ချင်ယောင်ဆောင်နေတဲ ကောင်လေး ရဲ့မျက်လုံးတွေကို ဖွင့်လိုက်ကာ သူ့ကို အနောက်ကနေ ဖက်ထားတဲ့သူကို စက်ဆုပ်ရွံရှာတဲ့ အကြည့်ဖြင့် ကြည့်လိုက်လေသည်။
'မင်း ငါ့ခန္တာကိုယ်ကို ပိုင်ရင်ပိုင်လိမ့်မယ်... ငါ့နှလုံးသားကတော့ နေသန့်အတွက်ပဲ ခုန်နေတာ....ဇက်ခ်..ဇက်ခ်..မင်းလုပ်ခဲ့တဲ့ အရာတွေအတွက်..ငါမင်းကို လုံးဝ ခွင့်မလွှတ်ဘူး...မင်းကို ငါကိုယ်တိုင် သတ်မှာ...'
စိတ်ထဲကနေ ပြောပြီး မျက်လုံးတွေကို မှိတ်လိုက်လေသည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now