Arc_5.2

6K 845 9
                                    

#Unicode

ဟန်ရှင်းဝူ မင်းကြီးနန်းဆောင်ကို ရောက်တော့ တံခါးဝက အထိန်းတော်တွေက တံခါးဖွင့်ပေးသည်။ တံခါးပွင့်လာတော့ သူအထဲကို ကြည့်လိုက်တော့ မင်းကြီးအပြင် အခြားမှူးမတ်တွေလဲ ရှိနေသည်။ သူလဲ ဂရုမစိုက်ပဲ အထဲကို အားမာန်အပြည့်ဖြင့် ဝင်လာလိုက်တော့ မှူးမတ်တွေက ဟန်ရှင်းဝူကို တအံ့တသြ ကြည့်နေကြသည်။

ဟန်မင်းကြီးကလဲ အစက အံ့သြသွားပေမယ့် နောက်တော့ ဝမ်းသာသွားပုံရပြီး မျက်နှာမှာလဲ အပြုံးပန်းတွေ ပွင့်နေသည်။

"ဟော ပျော့ညံ့တဲ့ မင်းသားလာပြီ"(တီးတိုးပြောသံ)

"မင်းသားနန်းဆောင်ရဲ့ သက်တော်စောင့် ပြောတာကတော့ ဒီမနက် မင်းသားဟန်က ချောင်းအင်ပါယာက မင်းသားနဲ့အတူ ဓားရေးသွားလေ့ကျင့်တယ်ဆို"(တီးတိုးပြောသံ)

"ဟက်..ဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် ပျော့ညံ့ပြီး အသုံးမကျတာတော့ အမှန်ပဲ"(တီးတိုးပြောသံ)

"မင်းကြီးက အဲ့ဒီ့မင်းသားကို ဘာလို့ ဒီကို ခေါ်တာလဲ"(တီးတိုးပြောသံ)

"ဒီအမတ်ကြီး မသိပါ"(တီးတိုးပြောသံ)

"ဒီရာဇပလ္လင်က စစ်သူကြီးမင်နဲ့ပဲ တန်တာ"(တီးတိုးတီးတိုး) 

"အမှန်ပဲ..အသုံးမကျတဲ့ မင်းသားက ဘာလုပ်တတ်မှာလဲ"(တီးတိုးပြောသံ)

"!@^#%"

"တိတ်ကြစမ်း"
ဟန်မင်းကြီး ဟောက်လိုက်မှပဲ မှူးမတ်တွေရဲ့အသံတွေက တိတ်သွားတော့သည်။

ဟန်ရှင်းဝူလဲ မင်းကြီးထိုင်နေတဲ့ ရာဇပုလ္လင်ရှေ့ရောက်တော့ ခါးကိုင်းလိုက်ကာ လက်တစ်ဖက်ကို ရင်ဘတ်မှာထားပြီး နှုတ်ဆက်လိုက်သည်။

"ဖခမည်းတော်..သားတော်ကို ခေါ်တယ်ဆိုလို့ပါ"

"အင်း..သားတော်ကို အကူအညီတစ်ခု တောင်းစရာရှိလို့ပါ"

အကူအညီတောင်းချင်တယ်ဆိုတဲ့ စကားကို ကြားတော့ ဟန်ရှင်းဝူ ခေါင်းမော့ပြီး နားမလည်တဲ့ပုံစံဖြင့် မေးလိုက်သည်။

"ဖခမည်းတော်..သားတော်ကို ဘာအကူအညီတောင်းချင်တာပါလဲ"

"အစကတော့ သားတော်ဆီက လိုချင်တဲ့ အကူအညီက သားတော်အတွက် အခက်အခဲဖြစ်မယ်လို့ ထင်ထားတာ အခုတော့ အဆင်ပြေသွားပါပြီ"

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now