Arc_5.5

5.9K 795 26
                                    

#Unicode

မျက်နှာချေတွေ မှောက်ကျထားတဲ့ မျက်နှာနဲ့ မိန်းမကြီးက သူတို့လေးယောက်ကို ဦးဆောင်ပြီး အပေါ်ထပ်မှာရှိတဲ့ ဆောင်ကြာမြိုင်ရဲ့ အထူးသီးသန့်ခန်းကို ဦးဆောင်ခေါ်သွားသည်။ သွားနေတဲ့ လမ်းတစ်လျှောက်မှာလဲ လှပတဲ့ မိန်းမငယ်လေးတွေက ခိုးခိုးခစ်ခစ်ရယ်ကာ သူတို့ကို ရှုက်ပြုံးပြုံးပြီး လိုက်ကြည့်နေသည်။
ဝမ်ယူကတော့ ထိုမိန်းကလေးတွေကို ပြန်ကြည့်ပြီး လိုက်ပြုံးပြနေသည်။ အနောက်က နှစ်​ယောက်ကတော့ မျက်နှာသေနှင့်ပင်။ ဟန်ရှင်းဝူကတော့ ဆောင်ကြာမြိုင်ရဲ့ အတွင်းပိုင်းက်ို သေသေချာချာ လိုက်လံစူးစမ်းကြည့်နေလေသည်။

အပေါ်ထပ်က ထောင့်ဆုံးအခန်းရှေ့ရောက်တော့ မိန်းမကြီးက သူတို့ကို ပြုံးပြပြီး အခန်းတံခါးကို ဖွင့်ပေးလေသည်။

"သခင်လေးတို့...ဒါက အထူးခန်းပါ..သခင်လေးတ်ို့ ဒီမှာ ခဏလောက် စောင့်နေပေးပါနော်..မကြာခင်မှာ အလှဆုံး ကောင်မလေးတွေကို လွှတ်လိုက်ပါ့မယ်"

ဝမ်ယူရဲ့ မျက်လုံးက ဘလင်းဘလင်း ဖြစ်သွားပြီးတော့ ဟန်ရှင်းဝူကို တစ်ချက်ကြည့်လိုက်သည်။
"အဟမ်း..ကောင်းပြီလေ..ဒီကြီးမြတ်တဲ့ သခင်လေးတို့က စောင့်နေပါ့မယ် မြန်နိုင်သလောက် မြန်ပါစေ"

"ဟုတ်ကဲ့ရှင့်...ခစ်ခစ်..သခင်လေးတို့က မထိန်းနိုင်တော့ဘူး ထင်ပါရယ်"

စစ်သူကြီးမင်ရဲ့ မျက်နှာကြီးက အိုးမည်းသုတ်ထားသလို မည်းမှောင်သွားလေသည်။
မသိရှာတဲ့ မိန်းမကြီးကတော့ အခန်းတံခါးကို ပြန်ပိတ်ပေးပြီး ထွက်သွားလေသည်။

သူတို့လေးယောက်ကတော့ အခန်းထဲကို သေချာကြည့်လိုက်ကြသည်။ စစ်သူကြီးမင်နဲ့ ဟွမ်ဇီကတော့ သေရည်တွေ ချထားတဲ့ စားပွဲရှေ့မှာ ထိုင်လိုက်ကြသည်။ ဟန်ရှင်းဝူကတော့ မတ်တပ်ရပ်နေတုန်းပင်။ ဝမ်ယူကတော့ ဟိုဘက် ဒီဘက် လျှောက်နေလေသည်။ ဟန်ရှင်းဝူ ဝမ်ယူကို ကြည့်နေရင်းနဲ့ မျက်စိနောက်လာတာကြောင့် မျက်ဖြူလှန်လိုက်ပြီး ခေါင်းကို ခါလို​က်သည်။
"ဝမ်ယူ..မင်း ငြိမ်ငြိမ်လေး နေလို့မရဘူးလား"

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now