Arc_2.7

7.5K 1K 19
                                    

#Unicode

ရှိန်း ဆေးရုံကုတင်ပေါ်မှာ အေးချမ်းစွာ အိပ်နေတဲ့ ရှိုင်းကို ကုတင်ဘေးကနေ ငေးကြည့်နေမိတယ် ဆရာဝန်ပြောတာတော့ အဆိပ်မိတာတဲ့
ဒါပေမယ့် တော်သေးတာက အရမ်းမပြင်းထန်ဘူးတဲ့ ဒါပေမယ့် သတိရဖို့တော့ စောင့်ရအုံးမယ်
သူ အမှန်တကယ်ကို စိုးရိမ်မိပါသည် ရှိုင်းမရှိတော့မှာကို
အခုတလော ရှိုင်းပြောင်းလဲနေတာကို သတိထားမိတယ် သူမနက်က အကြောင်းကို ပြန်တွေးလိုက်မိတယ်

မနက်က သူအလုပ်လုပ်နေတုန်း တံခါးခေါက်သံကြားလိုက်ရတာကြောင့် ဝင်ခဲ့ဖို့ ပြောလိုက်တယ် ဝင်လာတဲ့ သူကို သူမော့ကြည့်လိုက်တော့ သူအံ့အားသင့်သွားတယ် ရှိုင်း သူက ဘာလာလုပ်တာလဲ
သူလဲ အသံမပေးပဲနဲ့ သူ့ရုံးခန်းကို စိတ်ဝင်တစားလိုက်ကြည့်နေတဲ့ ရှိုင်းကို လိုက်ကြည့်နေလိုက်တယ်
နောက်တော့မှ သူရှိရာဘက်ကို ကြည့်လာပြီး သူ့ကိုမြင်သွားတဲ့ ကောင်လေး
ဒါတောင် သူ့ကို ဂရုမစိုက်ပဲနဲ့ ဆိုဖာရှေ့က စားပွဲပေါ်မှာရှိတဲ့ ကော်ဖီခွက်ကိုပဲ စိုက်ကြည့်နေတဲ့ကောင်လေး
ရှိုင်းက ကုမ္ပဏီကို တခါမှ မလာဖူးဘူး
အခုမှ လာတယ်
အဲ့ဒါကြောင့် လာရတဲ့ အကြောင်းအရင်းကို မေးကြည့်တော့ ဝေ့လည်ကြောင်ပတ်လုပ်ပြီး မေးတာကို မဖြေတဲ့ရှိုင်း
ထူးဆန်းတယ်
သူလဲ ရှိုင်းကို ထိုင်ခိုင်းလိုက်တော့ သူ့ကို မကြည့်ပဲ ကော်ဖီခွက်ကို စိုက်ကြည့်နေတုန်းပဲ
နောက်တော့ ကော်ဖီခွက်ကို ယူပြီး သောက်သွားတယ် ရှိုင်းက ကော်ဖီကို ဘာလို့ သောက်သွားတာလဲ သူသိတဲ့ရှိုင်းက ကော်ဖီမှ မကြိုက်ပဲ
သူလဲ ရှိုင်းသောက်ထားတဲ့ ခွက်ကို အမှိုက်ပုံးထဲ ထည့်လိုက်တော့ ပျော်သွားတဲ့ ရှိုင်း
ဘာလဲ ကော်ဖီထဲမှာ တခုခုပါနေလို့လား
ခုနကလဲ သေရေးရှင်ရေးကိစ္စလို့ ပြောတယ် နောက်တော့ ဘာမှမဟုတ်တော့ဘူးတဲ့

သူလဲရှိုင်းကို ပြန်ခိုင်းလိုက်ပြီး သူ့နေရာမှာထိုင်ကာ စဥ်းစားနေတုန်း ပေါ်လာတဲ့ အတွေးတစ်ခုကြောင့် မဟုတ်လောက်ပါဘူးဆိုပြီး မကောင်းတဲ့ အတွေးတွေကို ဖျောက်နေတုန်း သူ့အနောက်ကနေ တခုခုပြုတ်ကျတဲ့ အသံကြားတာကြောင့် လှည့်ကြည့်လိုက်တော့ တံခါးနားမှာ လဲကျနေတဲ့ ရှိုင်း သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး ရှိုင်းလဲကျနေတဲ့နေရာကို ပြေးသွားလိုက်မိတယ် ရှိုင်းကို ချီမလို့ လုပ်တော့ သူ့ကိုတွန်းလိုက်တဲ့ ရှိုင်း ဘာလို့လဲလို့ မတွေးနိုင်ခင်မှာပဲ ဟိုဘက်လှည့်ပြီး သွေးတွေအန်ထုတ်လိုက်တဲ့ ရှိုင်းကြောင့် သူထင်တာတွေ မှန်နေတယ် ဆိုတာ သိလိုက်ရတယ်
ကော်ဖီထဲမှာ တကယ် အဆိပ်ပါနေတာပဲ

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now