#Unicode
ရှိုင်း သူနိုးလာတော့ သူက ဆေးရုံကုတင်ပေါ်မှာ ရောက်နေတာကို သိလိုက်ရတယ်
သူမသေသေးဘူးပဲ
ဆေးရုံပေါ်ရောက်နေတာပေါ့
ဟင်း ဇာတ်လိုက်ကျော်ကြီးက သူ့ကို ဆေးရုံတော့ ပို့ပေးခဲ့သားပဲ
ဇာတ်လိုက်ကို ယုံလိုက်တာ မမှားဘူးပဲ
ဒါနဲ့ တစ်ယောက်မှလဲ အနားမှာမရှိကြဘူး
လူနာကို တစ်ယောက်ထဲ ထားပစ်ခဲ့ကြတယ်ပေါ့ ရက်စက်လိုက်ကြတာ
အသဲနှလုံးမရှိလိုက်ကြတာ
သူ့ကိုယ်သူလဲ သနားမိတယ်
ဂရုစိုက်ပေးမယ့်သူလဲ မရှိဘူး
ပြီးတော့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး လူနာကုတင်ပေါ် ရောက်နေရတယ်လို့...ကုတင်ပေါ်မှာ လှဲနေရင်းနဲ့ပဲ လက်တစ်ဖက်ကို နဖူးပေါ်သာ တင်ပြီး စဥ်းစားနေရင်း လည်ချောင်းက ခြောက်ကပ်ကပ်ဖြစ်နေတာကို သတိထားမိလိုက်တယ်
သူလဲ ခေါင်းကို ဟိုဘက်ဒီဘက်လှည့်ကြည့်ပြီး ဘာရှိသလဲလို့ ရှာကြည့်လိုက်တော့ ဘေးက စားပွဲပေါ်မှာရှိတဲ့ ရေဘူးနဲ့ဖန်ခွက်ကို တွေ့လိုက်တယ် သူထကြည့်တော့ ထမရဘူး
တကိုယ်လုံးလဲ လှုပ်လို့မရဘူး
ရေဆာတယ် ရေဆာတယ်လို့..
ရေဘူးလေးကို မျက်နှာငယ်လေးနဲ့ ကြည့်လိုက်တယ် ပြီးတော့ လှဲနေရာက မထပဲနဲ့ ခေါင်းကို နဲနဲထောင်လိုက်ပြီး ခန္တာကိုယ်ကို
စားပွဲရှိတဲ့ ကုတင်ဘေးဘက်ကို နဲနဲချင်းစီ တိုးပြီး လက်ကို ဖြည်းဖြည်းမြှောက်ကာ ရေရှိရာစီ ကမ်းလိုက်တော့...
မမှီဘူး
နဲနဲလိုနေသေးတယ်
သူလဲ လက်မလျှော့ပဲ စိတ်အားထက်သန်စွာနဲ့ လက်ကို ထပ်ဆန့်လိုက်ချိန်မှာ တံခါးပွင့်လာတယ်သူလဲ လက်ကို မချပဲနဲ့ ခေါင်းကို ထောင်နေရာက တံခါးဘက်ကို ကြည့်လိုက်တော့ ဇာတ်လိုက်..
သူကို တံခါးနားကနေ မလှုပ်မယှက်ကြည့်နေတယ်
သူလဲ ဘာလုပ်ရမှန်းမသိတာနဲ့ သွားနဲနဲဖြဲပြလိုက်ပြီး ဆန့်ထားတဲ့လက်ကို ပြန်ချကာ ပြောလိုက်မိတယ်"ရေဆာလို့ပါ "
"..."
"ဟိုလေ တဆိတ်လောက် ကျွန်တော့်ကို ရေလေးမတိုက်ချင်ဘူးလားဟင် ကျွန်တော် အကို့ကို အကူအညီ မတောင်းချင်ပေမယ့် ကျွန်တော် တကယ်ထလို့မရလို့ပါ"
![](https://img.wattpad.com/cover/234918855-288-k660092.jpg)
CZYTASZ
Everyone scare of me Except him!! (System) (Own Creation) [Completed]
PrzygodoweFIND THE SOUL & LOVE HIM..... Start date_29.7.2020 End Date_ 26.12.2020. #Own Creation #Both Unicode and Zawgyi can be available!