Arc_3 [Ghost Partner]

8.4K 922 8
                                    

#Unicode

သူနောက်တစ်ကမ္ဘာရောက်လာတော့ သူကိုယ်သူ အမှောင်ထဲမှာ ရောက်နေတာကို သိလိုက်ရတယ်။ ပြီးတော့ သူ့လက်ထဲမှာ တခုခုကိုင်ထားတာကို ခံစားမိတယ်။
သူ့လက်ထဲက အရာကို သေချာစမ်းကြည့်လိုက်တော့ အဲ့တာက လက်နှိပ်ဓာတ်မီးတစ်လက် ဖြစ်နေတယ်။ သူလဲ ခလုတ်လေးကို စမ်းပြီး ဖွင့်ကြည့်လိုက်မှ ဓာတ်မီးကနေ မှိန်ပျပျအလင်းရောင်လေး ထွက်လာတယ်။
အဲ့တော့မှ သူ ဓာတ်မီးနဲ့ ဟိုထိုး ဒီထိုးကြည့်လိုက်တော့ သူရောက်နေတဲ့ နေရာက ကလေးကစားကွင်းအပျက်ထဲမှာ ဖြစ်နေတယ်။
ဘာလို့ ဒီကိုယ်ပိုင်ရှင်က ကစားကွင်းကို ညဥ့်နက်သန်းခေါင်ကြီး လာရတာလဲ။
သူဓာတ်မီးနဲ့ လိုက်ထိုးကြည့်နေတုန်း သူ့နောက်ကျောက တစ်ချက်အေးသွားတာကို ခံစားလိုက်ရတယ်။
လေတိုက်တာလား?
သူ လှည့်ကြည့်ပြီး ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ ဘာမှရှိမနေဘူး။
ခွေးအူသံတွေကိုလဲ ကြားရတယ်။ သူလိုက်ရှာကြည့်တော့ ဘာခွေးမှ မတွေ့ဘူး။
နောက်တော့ လျှောစီးတဲ့နေရာကနေ အသံတွေထွက်လာပြီး ဒန်းလေးကလဲ တစ်ယောက်ယောက် လွှဲနေသလိုမျိုး လှုပ်ခါနေတယ်။ ပြီးတော့ တောက်..တောက်..တောက်.အသံတွေကို ကြားနေရတယ်။
ရေကျသံ!
ဒါပေမယ့် မိုးမှမရွာတာ ဘယ်က ရေကကျနေတာလဲ။

သူကျောချမ်းသလိုလို ကြက်သီးထနေသလိုလိုဖြစ်နေတယ်။ အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေကို ခံစားရတယ်။ တခါမှ ဒီလိုမဖြစ်ဖူးဘူး။
သူ့တကိုယ်လုံး တုန်ယင်နေတယ်။
သူသိလိုက်တာက ဒါက မူလပိုင်ရှင်ရဲ့အကြောက်တရားကြောင့်ပဲ။ ကြောက်တယ်ဆိုလဲ ဘာလို့လာသေးလဲ။ သူမတ်တပ်ရပ်နေတဲ့နေရာကနေ ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်တော့ အောက်မှာ တခုခုရှိနေတာကို သိလိုက်တယ်။ သူ့ခြေထောက်အောက်ကို ဓာတ်မီးနဲ့ထိုးပြီး ခေါင်းကို တစ်ချက်ငုံ့ကြည့်လိုက်တော့ မြင်လိုက်ရတဲ့အရာကြောင့် ခြေတစ်လှမ်းဆုတ်လိုက်မိတယ်။

ကျစ်..သွေးတွေ..သွေးတွေက ဘယ်ကလဲ။ အပေါ်ကနေ ကျလာတာဆိုတော့ သူ့အပေါ်ကို မော့ကြည့်လိုက်တော့ ဘာမှမရှိဘူး။
ဒါဆို ဘယ်ကကျနေတာလဲ။ သူသွေးတွေကို ကြည့်လိုက်တော့ သွေးတွေက ရေလိုမျိုးတစ်နေရာထဲကို စီးဆင်းနေတယ်။ သူလဲ သွေးစီးဆင်းနေတဲ့ဘက်ကို တစ်လှမ်းချင်းလျှောက်ပြီး လိုက်ကြည့်နေမိတယ်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now