Arc_2.6

7.3K 967 5
                                    

#Unicode

သူတံခါးခေါက်လိုက်တော့ အထဲကနေ ဝင်ခဲ့ ဆိုတဲ့ အသံကြားတာကြောင့် တံခါးလက်ကိုင်ဖုကို လှည့်ပြီး ဖွင့်ဝင်လိုက်တယ်။
အထဲရောက်တော့ သူမှင်သက်သွားမိတယ်။ ရုံးခန်းဖွဲ့စည်းပုံက အရမ်းမိုက်တာပဲ!! သူရုံးခန်းပတ်ပတ်လည်ကို လိုက်ကြည့်နေရင်းနဲ့ CEO Shaneဆိုတဲ့ နာမည်ရေးထားတဲ့ စားပွဲအရောက်မှာ သူ့အကြည့်တွေ ရပ်တန့်သွားတယ်။ အဲ့မှာ ထိုင်ပြီးတော့ သူ့ကို မျက်ခုံးတစ်ဖက်ပင့်ပြီး ကြည့်နေတဲ့ ဇာတ်လိုက်နဲ့ အကြည့်ချင်းစုံသွားသည်။ 

အိုး...
ဇာတ်လိုက်ကို မြင်မှပဲ သူ ဒီကို လာရတဲ့ အကြောင်းရင်းကို သတိရသွားတယ်။
ကော်ဖီခွက်....
ကော်ဖီခွက် ဘယ်မှာလဲ?
သူလဲ သူ့ကို ကြည့်နေတဲ့ ဇာတ်လိုက်ကို မသိချင်ယောင်ဆောင်လိုက်ပြီး ကော်ဖီခွက်ကို မျက်လုံးကစားပြီး လိုက်ရှာနေလိုက်သည်။
ပစ်မှတ် တွေ့ပြီ ....။
သူ့ပစ်မှတ် ကော်ဖီခွက်ကတော့ ဆိုဖာခုံရဲ့ အရှေ့က စားပွဲပေါ်မှာ တင်ထားတယ်။
အင်း ဒီအတိုင်း ကော်ဖီခွက်ကို သွားယူပြီး သွန်ချလိုက်ရင်ရော?
မဖြစ်ပါဘူး ...။
တော်ကြာ ဇာတ်လိုက်က သူ့သောက်မယ့်ကော်ဖီကို သွန်ပစ်ရမလား ဆိုပြီးတော့
သူတို့ ဆက်ဆံရေးက ပိုဆိုးသွားလိမ့်မယ်။
ဟင်းး ... သူသောက်လိုက်ရင်ရော
သူသေသွားရင် ဘယ်လိုလုပ်မလဲ?
ဖြစ်ချင်ရာဖြစ်....
တစ်ငုံလောက် သောက်ရုံနဲ့တော့ မသေပါဘူး။

သူသောက်ပြီးရင် ဇာတ်လိုက်က သောက်မှာမဟုတ်တော့ဘူး။
အင်း အဲ့လိုလုပ်ရမယ်။
ဇာတ်လိုက်နဲ့ သင့်မြတ်ရေး... တို့အရေး.။
သူအဆိပ်မိလဲ ဇာတ်လိုက်က သူ့ကို ပစ်မထားလောက်ပါဘူး။
ဆေးရုံလောက်တော့ ပို့ပေးမှာပါ။
ဒီအချိန်မှာတော့ ဒီနည်းလမ်းက လွဲရင် အခြားဟာမရှိဘူး။
စွန့်စားကြည့်ရမှာလဲ သူဇာတ်လိုက်ရှေ့မှာ ရပ်နေရင်း ကော်ဖီခွက်ကို စိုက်ကြည့်ကာ တွေးနေတာ။ ဘယ်လောက်ကြာသွားလဲ မသိပေ။ ဇာတ်လိုက်ကတော့ သူ့ကိုခေါ်နေပြီ။

"မင်း ဒီကို ဘာလာလုပ်တာလဲ"

"ကျွန်တော့်ကို ပြောတာလား"

"ဒီမှာ တခြားတစ်ယောက်ကို တွေ့မိလို့လား"

"အာ..ကျွန်တော်.."

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now