Arc_2.9

7.6K 985 10
                                    

#Unicode

သူလဲ စွမ်းထက်ပေါ်ကနေ ထမလို့ လုပ်နေတုန်း စွမ်းထက်က ရုတ်တရက်ထလာပြီး သူ့ကို တွန်းထုတ်လိုက်တယ် သူလဲ အဲ့လိုလုပ်မယ်လို့ မထင်ထားတာကြောင့် အနောက်ကို ဘုန်းခနဲ ဖင်ထိုင်ရက် လဲကျသွားတယ် ငါ့ဖင်...ဖင်နာတယ်...
သူစွမ်းထက်ကို မကျေမနပ်ပြန်ကြည့်လိုက်တော့ စွမ်းထက်က သူမလုပ်ဘူးဆိုတဲ့ ရုပ်နဲ့ ဇာတ်လိုက်ကို ကြည့်လိုက် သူ့ကိုကြည့်လိုက် လုပ်နေတယ် နောက်တော့ ဇာတ်လိုက်က အသံမာမာနဲ့ စကားစပြောတယ်

"အဲ့ဒါက ဘာဖြစ်နေကြတာလဲ"

"ငါ..ငါက ညီလေးရှိုင်း ချော်လဲကျတော့မှာကို တွေ့လို့ ထိန်းပေးထားရုံပါ"

စွမ်းထက်က ပြောလိုက်တော့ ဇာတ်လိုက်က သူ့ကိုကြည့်ပြီး

"သူပြောတာ ဟုတ်လား"

"ဟုတ်တယ် အကိုစွမ်းထက်က ကျွန်တော့်ကို မပြုတ်ကျအောင် ကူညီပေးတာပါ"

"အဲ့ဒါဆို ငါသွားတော့မယ်နော် "

"နေအုံး ငါမင်းကို ပြောစရာရှိသေးတယ် တူ..တူ..သွားမယ်"

ဇာတ်လိုက်က အရှေ့ကနေ ထွက်သွားတော့ စွမ်းထက်က အနောက်ကနေ တုန်တုန်ယင်ယင်နဲ့ လိုက်သွားတယ်
ဘာတုန်းဟ
မဟုတ်မှလွဲရော
ဇာတ်လို​က်က စွမ်းထက်ကို ကြိုက်နေတာလား သူတို့နှစ်ယောက်ကို အထင်လွဲသွားပြီး....
အော် နောက်ဆုံးတော့ အဲ့လိုကိုးး

သူလဲ ကုတင်ပေါ်မှာ ခြေထောက်ချပြီး ထိုင်နေတုန်း သူ့ဖုန်းလာနေတာကို တွေ့လိုက်ရတယ် သူယူပြီး ကြည့်လိုက်တော့ အမည်မသိနံပါတ်ပဲ ဘယ်သူလဲ သူ့ကို ဖုန်းဆက်မယ့်သူလဲ မရှိပါဘူး ဖုန်းကိုင်လိုက်တော့ ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ရတယ်
ဇာတ်လိုက်မ!

"ဟယ်လို "

"ဟုတ်ကဲ့ ရှိုင်းပြောနေပါတယ်"

"ကိုရှိုင်းလား သရဖီပါ"

"အော်..သရဖီလား သရဖီက ကိုယ့်ကို ဖုန်းဆက်တာ ဘာကိစ္စများရှိလို့လဲ"

"သရဖီက ကိုရှိုင်းနဲ့ တွေ့ချင်လို့ပါ"

"ကိုယ်နဲ့ တွေ့ချင်တယ် ဘာလို့လဲ ကိုယ်တို့က တွေ့စရာ အကြောင်းမရှိတော့ဘူး ထင်တယ်"

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now