#Unicode
မင်ဂျွန်ဆောင်း သူ့မျက်နှာကို ဟန်ရှင်းဝူလည်ပင်းနားကပ်ကာ ရှင်းဝူရဲ့ ကိုယ်သင်းနံ့လေးကို ရှူရှိုက်နေမိသည်။
"အကို ဂျွန်ဆောင်း?"
ရှင်းဝူရဲ့ အသံလေးက သူ့ လိုအင်ရမ္မက်တွေကို လောင်စာ ထပ်ဖြည့်ပေးလိုက်သလိုပင်။ ဒါပေမယ့် သူ့စိတ်သူထိန်းထားသည်။ ဒီအချိန်မှာ ဘာမှအလျင်စလို လုပ်လို့မဖြစ်ပေ။ မင်ဂျွန်ဆောင်း ရှင်းဝူရဲ့နဖူးလေးကို နူးညံ့ညင်သာစွာ မြတ်မြတ်နိုးနိုးနဲ့ အကြင်နာ ပေးလိုက်သည်။
"ဟုတ်တယ်..ကိုယ်ပါ ရှင်းဝူ~"
အသံအက်ရှရှနဲ့ ပြန်ဖြေလိုက်သည်။ဟန်ရှင်းဝူ ထိတ်လန့်သွားသည်။ ဇာတ်လိုက်က သူ့ရဲ့ရွိုင်း ဖြစ်နေမယ်လို့ မထင်ခဲ့မိပေ။ သူက ဇာတ်လိုက်ကို သူ့စာရင်းထဲ လုံးဝတောင် မထည့်ခဲဲ့တဲ့ဟာကို...ဘယ်လို ဖြစ်ပြီးတော့လဲ..? ဟင်း...သူ့ရဲ့ရွိုင်းနဲ့ အေးအေးချမ်းချမ်းနေမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးကတော့ ရေထဲကို ပလုံခနဲ ကျသွားလေပြီ။ ရွိုင်းက ဇာတ်လိုက်ဖြစ်နေမှတော့ ကျိန်းသေပေါက် ဧကန် နန်းတွင်းအရှုပ်အထွေးတွေက သူနဲ့ ပတ်သတ်လာအုန်းမှာ ဖြစ်သည်။
ရှင်းဝူရဲ့ တွေဝေနေတဲ့ မျက်နှာလေးကို မြင်တော့ ဂျွန်ဆောင်း စိတ်ပျက်သွားသည်။ ရှင်းဝူက သူ့ကို လုံးဝမကြိုက်ဘူးလား? သူဆိုတာကို သိတော့ ရှင်းဝူက တွေဝေသွားတာလား? ရှင်းဝူက သူ့ကို အဲ့လောက်တောင် မုန်းနေတာလား? ရှင်းဝူက ဟိုမင်းသမီးဆိုတဲ့ တစ်ယောက်ကို ကြိုက်သွားတာလား? သူ့ကို ထားခဲ့ပြီး သူမနဲ့ လက်ဆက်တော့မှာလား? မရပေ။ ရှင်းဝူက သူ့အတွက်ပဲ ဖြစ်လာရမည်။ ဒီကနေ့တော့ ရှင်းဝူကို အရယူရမည်။ ဂျွန်ဆောင်း ရှင်းဝူကို တင်းနေအောင် ဖက်လိုက်သည်။
"ရှင်းဝူ ကိုယ်မင်းကို ချစ်တယ်""....."
"ရှင်းဝူကရော? ကိုယ့်ကို ဘယ်လိုမြင်လဲ? ရှင်းဝူ ကိုယ့်ကို ပြန်မချစ်လို့မရဘူး။ ရှင်းဝူ ကိုယ့်ကို ပြန်မချစ်ရင် ဟော့ဒီဟန်အင်ပါယာကို သိမ်းပိုက်မယ်။ ပြီးရင် မင်းလေးကို သိမ်းပိုက်မယ်။ မင်းခန္တာကိုယ်ကို အရင်ရယူမယ်။ မင်းရဲ့စိတ်ကို ဆွဲဆောင်မယ်။ မင်းရဲ့နှလုံးသားက ကိုယ့်အတွက်ပဲ ဖြစ်လာရမယ်..ရှင်းဝူ~"
ညင်ညင်သာသာပြောနေရင်းကနေ ဂျွန်ဆောင်းက ခက်ထန်စွာ ပြောလိုက်သည်။
YOU ARE READING
Everyone scare of me Except him!! (System) (Own Creation) [Completed]
AdventureFIND THE SOUL & LOVE HIM..... Start date_29.7.2020 End Date_ 26.12.2020. #Own Creation #Both Unicode and Zawgyi can be available!