Arc_4.4

5.7K 779 15
                                    

#Unicode

ဟေးလ်နဲ့ လူ့ဂွစာကတော့ ကောင်တာက ကောင်လေး ညွှန်ပြလိုက်တဲ့အတိုင်း သူတို့နေရမယ့်အခန်းကို သွားနေတဲ့အချိန်မှာ ဟေးလ်က သူ့လက်ထဲမှာ ကိုင်ထားတဲ့ အခန်းသော့ကို တစ်ချက်ကြည့်လိုက်မိတယ်

သော့ချောင်းလေးမှာ ကီးချိန်းလေး တစ်ခုပါတယ် ကီးချိန်းမှာ ရေးထားတာက

FUFU BL Hotelတဲ့

ဖူဖူဟိုတယ်တဲ့လား

ကြည့်ရတာ ဒီဟိုတယ်ရဲ့ပိုင်ရှင်နမည်က ဖူဖူထင်တယ် ဟေးလ်ရဲ့အတွေးကတော့ တလွဲကြီးပါပဲ

တကယ်တော့ ဖူဖူဟိုတယ်ရဲ့ ပိုင်ရှင်က လင်မယားနှစ်ယောက်ပါ ယောကျ်ားက fudanshiဖြစ်ပြီး မိန်းမက fujoshiဆိုတော့ နှစ်ယောက်သားပေါင်းမိပြီး ဒီဟိုတယ်ကို တည်ထောင်ခဲ့တာဖြစ်တယ်

နေရမယ့် အခန်းရှေ့ကို ရောက်တဲ့အချိန်မှာ ဟေးလ်က တံခါးဖွင့်လိုက်တော့ မြင်လိုက်ရတာက သူတို့နှစ်ယောက်လုံးကို အံသြစေတယ်

ဟိုတယ်သာပြောတယ်
မဂ်လာဦးအခန်းနဲ့များ မှားနေလား မသိဘူး

တစ်ခန်းလုံးက လင်းထိန်နေပြီးတော့ မွေ့ယာပေါ်မှာလဲ နှင်းဆီပွင့်ဖတ်တွေကို ကြဲထားပြီး အဲ့အပေါ်မှာ ဖယောင်းတိုင်တွေကို အသဲပုံပုံစံ စီထားတယ်

ဝှက်သယ်...

သူတ်ို့ အခန်းများ မှားလာတာလား
သူလဲ သော့နံပါတ်နဲ့ အခန်းနံပါတ်ကို ပြန်တိုက်ကြည့်လိုက်တော့
မှန်ပါတယ်

ဒါဆို ဘာက မှားနေတာလဲ

လူ့ဂွစာက ဟေးလ်ရဲ့အရှေ့ကနေ အရင်ဝင်သွားပြီး ဟေးလ်ကတော့ တွန့်ဆုတ် တွန့်ဆုတ်နဲ့ အနောက်က လိုက်ဝင်လာတယ်

ဟေးလ် အခန်းကို လိုက်ပတ်ကြည့်နေရင်းနဲ့ အိပ်ယာပေါ်မှာ တီဗွီရီမုတ်တင်ထားတာတွေ့တော့ ယူပြီး တီဗွီကို ဖွင့်လိုက်တယ် စစလာချင်းမှာပဲ ပေါ်လာတာက ယောကျ်ားနှစ်ယောက် နမ်းနေတာပဲဖြစ်တယ် ဟေးလ် အဲ့ဒါကို စိုက်ကြည့်နေရင်းနဲ့ ကြက်သေသေသွားတယ် ဒါ..ဒါက...တော်သေးတာက လူ့ဂွစာက တခြားဘက်လှည့်နေတာမို့ အဲ့တာကို မမြင်လိုက်ဘူး သူလဲ အဲ့လိုင်းကို မကြည့်တော့ပဲ နောက်တစ်လိုင်းကို ပြောင်းလိုက်တော့ သတင်းတစ်ခုလာနေတယ်
သူ သတင်းမှာပြနေတဲ့ နေရာကို ကြည့်လိုက်တော့

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now