Arc_4.10

5.1K 702 4
                                    

#Unicode

ဇာ့ခ် ဇီးရိုးဝမ်းရဲ့ အရှေ့ကို ရောက်တော့ ရပ်လိုက်ပြီး ဇီးရိုးဝမ်းကို စိုက်ကြည့်နေလို​က်သည်။ အနောက်ကနေ ပြေးလိုက်လာတဲ့ ဒါဝင်ကလဲ မောပန်းပြီး ချွေးတွေထွက်နေကာ ဇာ့ခ်လက်မောင်းကို ကိုင်လိုက်ပြီးရပ်လိုက်သည်။
"အမလေး...ဟောဟဲ... ပြေးတာ မြန်လိုက်တာ..ဟောဟဲ... ခင်ဗျား လူရော ဟုတ်ရဲ့လား"

"သူက လူမှ မဟုတ်တာ ဂြိုဟ်သားလေ"
ဟေးလ်က ဝင်ပြောသည်။

"ဘာ...မနောက်ပါနဲ့....မင်းကလဲ..မရယ်ရပဲနဲ့.."
ဒါဝင်က မျက်လုံးကြီးပြူးကာ ခေါင်းခါပြီး ပြောသည်။

"မင်း... မယုံဘူးပေါ့"

"မယုံပါဘူး....မင်းမျက်လုံးကို သေချာပွတ်ပြီးကြည့်လိုက်အုံး... ဒီလောက်ချောတဲ့လူက ဂြိုဟ်သားဖြစ်မလား...အဲ့လို ပြောကြေးဆို...မင်းဘေးက လူထွားကြီးကရော ဂြိုဟ်သားပဲပေါ့"

"မဟုတ်ပါဘူး.."

"တွေ့လား... မင်းဟာကျတော့ အထိမခံဘူး"

"ငါပြောချင်တာက သူက စက်ရုပ်လူသားလို့"
ဟေးလ်က ဇီးရိုးဝမ်းရဲ့ ရင်ဘတ်ကို လက်ညှိုးနဲ့ ထိုးပြီး ပြောသည်။

"ဟေးလ်...မင်း အဆင်ပြေရဲ့လား... ဆရာဝန်နဲ့ ပြကြည့်သင့်တယ်နော်.."

"ပြရမှာက မင်းလေ...မင်းကမှ မယုံကြည်နိုင်ဖြစ်နေတာ"
ဟေးလ်က ဇီးရိုးဝမ်းကို မှီပြီး အေးအေးဆေးဆေး ပြန်ပြောသည်။

"မင်း....ဇာ့ခ် ခင်ဗျားပြောလေ..ခင်ဗျားက လူစစ်စစ်လို့"
ဇာ့ခ်ရဲ့ လက်မောင်းကို လက်သီးနဲ့ ဖွဖွထိုးပြီး ပြောသည်။

"သူပြောတာ အမှန်ပဲလေ ကိုယ်က လူမဟုတ်ဘူး"

"....."
ဒါဝင် ဘာမှ မပြောနိုင်တော့ပေ။

"ခင်ဗျား... တကယ် ပြောနေတာလား"

"အင်း"

"ကျွန်တော် မယုံဘူး"

ထိုအခါ ဇာ့ခ်က သူ့ရဲ့လက်ကို ဂြိုဟ်သားလက်ပုံစံ ပြောင်းပြလိုက်လေသည်။

"အား....ခင်ဗျား ဘာလို့ ကျွန်တော့်ကို ကြိုမပြောရတာလဲ"
ဒါဝင်က ဇာ့ခ်ရဲ့ ဘေးနားကနေ အမြန်ခွာလိုက်ကာ ဟေးလ်ရဲ့အနောက်ကို ပြေးသွားပြီး ဟေးလ်ကို ဖက်ထားလေသည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Où les histoires vivent. Découvrez maintenant