Arc_5.13

6.2K 745 21
                                    

#Unicode

ပညာရှိအမတ်အိမ်တော်ရဲ့ မြေအောက်ခန်းထဲတွင် လူ၁၀ယောက်က စားပွဲအရှေ့တွင် ထိုင်ကာ စုရုံးပြီး တစ်စုံတစ်ခုကို တိုင်ပင်နေကြလေသည်။ ထိုလူတွေကတော့ ဟန်အင်ပါယာ၏ အမတ်များဖြစ်ပါ၏။ ထိုအမတ်များတိုင်ပင်နေကြသော အကြောင်းအရာများကတော့ ပုန်ကန်ရန်(တစ်နည်းအားဖြင့်) ထီးနန်းလုယူရန် ကြံစည်နေကြခြင်း ဖြစ်သည်။ ထိုအမတ်များသည် ဟန်ရှင်းဝူ မထောက်ခံကြပေ။ ပြောရရင် ထိုအမတ်များက စစ်သူကြီးမင်ကို ထောက်ခံကြသော သူများ ဖြစ်ကြ၏။

ဗုန်း..(စားပွဲကို လက်ဖြင့် ထုရိုက်သံ)

"အဲ့ဒီ့အလကား အောက်ခြေလူတန်းစားတွေက အသုံးမကျတဲ့ စာပေသမားကိုပဲ ထောက်ခံနေကြတယ်"
စစ်မှုရေးရာ အမတ်ကြီးက မကျေမနပ်ပြောသည်။

"ဟုတ်ပါ့..အဲ့ဒီ့မင်းသားက သူတို့အတွက် ဆေးမြစ်လေး ရှာပေးလိုက်တာနဲ့ပဲ ချက်ချင်းပဲ ကောက်ကောက်ပါသွားတယ်"
နန်းတွင်းရေးရာ အမတ်ကြီးက ပြောသည်။

"ဒါဆို ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ? သူတို့က အဲ့မင်းသားကိုပဲ ထောက်ခံနေကြတာလေ..သူတို့က လူဦးရေလဲ များသေးတယ်"
စာပေရေးရာ အမတ်ကြီးက စိုးရိမ်တကြီး ပြောသည်။

"ဟမ့်..သူတို့က ဘာလုပ်နိုင်မှာလဲ.. လူကုံထံတွေက ငါတို့ဘက်မှာရှိနေတာ"

"ပြီးတော့ ငါတို့ဖက်မှာ စစ်သူကြီးမင်ရှိတယ်ဆိုတာ မမေ့နဲ့"
ပညာရှိအမတ်က အေးအေးဆေးဆေး ပြောလိုက်သည်။

"စစ်သူကြီးမင်က ဘယ်လိုလူမျိုးမို့လို့လဲ။ သူကလဲ ထီးနန်းကို လိုချင်နေတာလေ။ ပြီးတော့ ငါတို့ဆရာအမတ်ကြီးရဲ့ တပည့်ပဲ"
နန်းတွင်းရေးရာအမတ်က ပြောသည်။

"ထီးနန်းက သူနဲ့ပဲ ထိုက်တန်တာ။ တိုက်ပွဲတွေ အများအပြားကိုလဲ ဆင်နွှဲဖူးတယ်..ဟိုမင်းသားက ဘာလုပ်နိုင်မှာ မို့လို့လဲ"
ထောက်လှမ်းရေး အမတ်က နှာခေါင်းရှုံ့ပြီး ပြောသည်။

"တကယ်လို့ စစ်သူကြီးက စိတ်ပြောင်းသွားရင်ရော"
စာပေရေးရာ အမတ်ကြီးက ပြောလိုက်သည်။

"မပြောင်းပါဘူး...စစ်သူကြီးကလဲ ထီးနန်းကို လိုချင်မှာပဲ"
နန်းတွင်းရေးရာ အမတ်က ပြန်ဖြေသည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now