Arc_6 [The End]

5.1K 537 19
                                    

#Unicode

"ရှင်း?"

ရှီလင်းရဲ့အသံကြောင့် ယဲ့ရှင်းတုန်တက်သွားရသည်။ ပြီးတော့ အဲ့ဒီ့တုန်းက မြင်ကွင်းကို အခုထိ သူ့မျက်လုံးထဲတွင် မြင်ယောင်နေဆဲဖြစ်နေသည်။ ယဲ့ရှင်း သူ့လက်ထဲက မျက်နှာဖုံးကို သေချာကြည့်လိုက်သည်။ အမှန်တကယ်ကို, ထိုအရိုးခေါင်းမျက်နှာဖုံးနှင့် တစ်ပုံစံတည်းဖြစ်နေသည်။ ယဲ့ရှင်းတုန်လှုပ်သွားရသည်။ ပြီးတော့ သူ့အခန်းထဲက လတ်လတ်ဆတ်ဆတ်နှလုံးအကြောင်းကို တွေးမိသည်။ ထို့နောက် သူ သေချာ စုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။

"အိမ်သာတက်နေတာပါ။ လင်းအာ, စိတ်မပူနဲ့နော်။ ခွဲစိတ်ဖို့ ပြင်ဆင်ထားလိုက်တော့"
ယဲ့ရှင်းသည် ရှီလင်းထွက်သွားအောင် မောင်းထုတ်လိုက်သည်။ အဲ့ဒါမှ သူစစ်ဆေးလို့ရမယ်မဟုတ်လား။ ယဲ့ရှင်းအသက်ပြင်းပြင်းရှူလိုက်သည်။

"အာ..ဒါဆိုရင် ကျွန်တော်အခန်းထဲမှာ ပြင်ဆင်ထားလိုက်တော့မယ်နော်။ ရှင်း, အကြာကြီးလုပ်မနေနဲ့အုံး။ အအေးပက်နေအုံးမယ်"
ရှီလင်းသည် ချိုချိုသာသာပြောလာသည်။

"အင်းပါ"
ယဲ့ရှင်းနှလုံးသားလေး အေးချမ်းသွားရသော်လည်း သူ့လက်ထဲက မျက်နှာဖုံးအကြောင်းကို တွေးမိတော့ ရင်ပူလာသည်။
ယဲ့ရှင်းသည် ဖုန်းထုတ်ကာ ရှီလင်းရဲ့သူငယ်ချင်းဖြစ်သူကို ခေါ်ဆိုလိုက်သည်။

[ဟယ်လို။ အမိန့်ရှိပါ။ ရှောင်ခွမ်းပြောနေပါတယ်။]
တစ်ဖက်က ဖော်ရွေသောအသံဖြင့် ပြောလာသည်။

"ရှောင်ခွမ်းလား? ကျွန်တော်က ရှီလင်းရဲ့ချစ်သူ ယဲ့ရှင်းပါ။ ဒါနဲ့ ဒီနေ့ ရှီလင်းခွဲစိတ်ဖို့ရှိလားဟင်?"

[အာ..အကိုယဲ့လား။ ဒီနေ့ ခွဲစိတ်ဖို့မရှိဘူးဗျ။ အဲ့ကောင်က ဆေးရုံတောင် သိပ်လာချင်တာမဟုတ်ပါဘူးဗျာ။]

"အမ်, ဒါဆို နှလုံးအလှူရှင်တွေ၊ ဘာတွေရော ဒီနေ့လာသေးလား"
ယဲ့ရှင်းမေးလိုက်သည်။

[မလာပါဘူးဗျ။ ဒီမှာကတော့ အေးဆေးပါပဲ။ နှလုံးလည်း လောက်တယ်။ ဆရာဝန်ကသာ ခွဲမစိတ်ချင်တာ။ ဟဟ, ဒီနေ့တောင် အဲ့ကောင် ဆေးရုံကိုမလာဘူးလေ။]
ရှောင်ခွမ်းက ပေါ့ပေါ့ပါးပါး ပြောလာသည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Donde viven las historias. Descúbrelo ahora