#Unicode
ယဲ့ရှင်း နှလုံးရောဂါထဖောက်ပြန်တော့ ခွဲစိတ်ခန်းဝင်ရပြန်သည်။ ယဲ့ရှင်း မေ့ဆေးအရှိန်ပြယ်သွားလို့ နိုးလာချိန်မှာ ရှီလင်းက သူ့ဘေးတွင်ရှိနေသည်။ ယဲ့ရှင်းသည် အိပ်ပျော်နေသည့် ရှီလင်းကို ကြည့်ကာ ပြုံးနေမိသည်။ ရှီလင်းက အတော်လေးရင့်ကျက်လာပြီလို့တောင် ပြောလို့ရသည်။ သူတို့စတွဲတုန်းကဆို ရှီလင်းက ကလေးအရမ်းဆန်ကာ သူ့ကိုချွဲလွန်းသည်။ ဒါပေမယ့် သူ့မှာနှလုံးရောဂါကျွမ်းနေပြီးဆိုတာ သိပြီးသည့်နောက်ပိုင်းတွင်တော့ ရှီလင်းသည် အပြုံး၊အရယ်နည်းလာသည်။
စိတ်လိုလက်ရပြုံးခြင်းမရှိတော့သော်လည်း ယဲ့ရှင်းအရှေ့တွင်တော့ အနည်းငယ်တော့ပြုံးသည်။ ယဲ့ရှင်းသည် ရှီလင်းအတွက် စိတ်မကောင်းဖြစ်မိသည်။ တစ်ခြားတစ်ယောက်ရှာပါလားဟု ပြောရင်လည်း ရှီလင်းက လက်မခံပေ။ သူ့ကိုသာ တွယ်ကပ်လွန်းပါ၏။ အရင်လို စကားအများကြီးပြောခြင်းမရှိတော့သော်လည်း သူတို့၏အချစ်တွေကတော့ ပိုသာတိုးလာပါ၏။ တစ်ယောက်၏စိတ်ကို တစ်ယောက်သိကြသည်လေ။ အမှန်တိုင်းပြောရရင် သူသည် သူများ၏နှလုံးနှင့် အသက်ဆက်မနေချင်ပါချေ။ ဒါပေမယ့် သူ့ကို ချစ်တဲ့ရှီလင်းရှိနေသေးသည်လေ။ ရှီလင်း သူ့ကို လက်လျှော့သွားမည့်အချိန်ကို စောင့်နေရုံပေါ့။ တစ်ခါကလည်း သူလက်လျှော့တော့မယ်လို့ ပြောတော့ အရမ်းကိုမှတည်ငြိမ်သော ရှီလင်းသည် သူ့ရှေ့တွင် နာနာကျင်ကျင်ငိုနေတာကို တွေ့ပြီးနောက်ပိုင်းမှာ သူအဲ့လိုထပ်မပြောတော့ပါချေ။
ရှီလင်း နိုးလာတော့ ယဲ့ရှင်းက သူ့ကိုပြုံးကြည့်နေတာကို တွေ့ရသည်။
"ရှင်း...သက်သာရဲ့လား"ယဲ့ရှင်းသည် ဖြူဖတ်ဖတ်မျက်နှာဖြင့် ပြုံးကာ ခေါင်းငြိမ့်ပြလာသည်။ ထိုပုံစံကိုကြည့်ရင်း ရှီလင်းနာကျင်ရသည်။ ယဲ့ရှင်းကို ကျန်းကျန်းမာမာနဲ့ရှင်သန်စေချင်သည်။ ဒါပေမယ့် ယဲ့ရှင်း၏ရောဂါသည် နှလုံးအစားထိုးတာတောင်မှ ပျောက်ကင်းခြင်းမရှိပေ။ သူ နှလုံးခွဲစိတ်ပါရဂူတစ်ယောက်ဖြစ်လာရခြင်းကလည်း ယဲ့ရှင်းကြောင့်သာဖြစ်သည်။ ယဲ့ရှင်းကို ပြုစုပေးချင်သည်။ ကြင်နာယုယစွာ ထွေးပွေ့ပေးချင်သည်။ သူသည် ယဲ့ရှင်းကို မထိရက်၊မကိုင်ရက်တဲ့အထိ ချစ်မြတ်နိုးပါ၏။ အခု သူလုပ်သမျှဟာလည်း ယဲ့ရှင်းအတွက်ပါ။ သူအပြစ်ဒဏ်ခံရရင်တောင်မှ သူကျေကျေနပ်နပ်ကြီး ခံယူမှာပါ။
KAMU SEDANG MEMBACA
Everyone scare of me Except him!! (System) (Own Creation) [Completed]
PertualanganFIND THE SOUL & LOVE HIM..... Start date_29.7.2020 End Date_ 26.12.2020. #Own Creation #Both Unicode and Zawgyi can be available!