#Unicode
ဌာနတွင်တော့ ချန်းလီက လက်သည်းကိုက်ကာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ထျန်းရှုကတော့ ထိုင်ခုံတွင် ထိုင်နေကာ ကော်ဖီသောက်နေရင်းဖြင့် ဂနာမငြိမ်ဖြစ်နေပါသော ချန်းလီကို ကြည့်နေသည်။ ချန်းလီတစ်ယောက် စိတ်မထိန်းနိုင်တော့ပဲ ထျန်းရှုကို မေးလိုက်သည်။
"ဦးလေးကွမ်းက တကယ်ပဲ ဌာနပြောင်းတော့မှာလား""အွန်း"
ထျန်းရှုက ကော်ဖီတစ်ငုံသောက်ကာ ပြန်ဖြေသည်။"ဘာလို့ ပြောင်းတာလဲ"
ချန်းလီက နှုတ်ခမ်းဆူလိုက်သည်။ထျန်းရှုက ကော်ဖီခွက်ကို စားပွဲပေါ်ကို ချလိုက်ကာ ထိုင်ခုံကနေ ထလာသည်။ ထို့နောက် ချန်းလီရပ်နေသည့်နေရာနားကို လျှောက်လာရင်း ဖြေသည်။
"ဒါက အထက်ကအမိန့်လေ။ ရှောင်လွှဲလို့ မရဘူး။ ပြီးတော့ ရဲဌာနက ရဲမှူးတစ်ယောက်ကို အကူအညီအနေနဲ့ ယာယီလွှတ်ပေးမယ်လို့ ပြောတာပဲ။ အဲ့ရဲမှူးက ဒီနေ့လာလိမ့်မယ်""ယာယီတဲ့လား"
ချန်းလီက သူ့အနားကို ရောက်လာသော ထျန်းရှုကို မော့ကြည့်လိုက်သည်။"ဟုတ်တယ်...ဒီအမှုပြီးရင် သူ့ကိစ္စပြီးပြီ"
ထျန်းရှုက သူ့ရင်ဘတ်လောက်ပဲရှိသော ချန်းလီကို ငုံ့ကြည့်နေသည်။"အဲ့ဒါဆို အကိုမုယောင်တို့ရော ဒီကိစ္စကို သိပြီးပြီလား"
"သိပြီးပြီလို့ ထင်တာပဲ"
"အဲ့ဒါဆို.."
ထျန်းရှုက သူ၏ သွယ်လျသော လက်ညိုးဖြင့် ချန်းလီနှုတ်ခမ်းကို ကပ်လိုက်သည်။
"ရှူး...သူများအကြောင်းတွေ ပြောနေတာ တော်တော့။ ကိုယ်တို့ အကြောင်းပဲ ပြောရအောင်"
ပြောရင်းဖြင့် ချန်းလီနှုတ်ခမ်းကို လက်မဖြင့် ပွတ်သပ်နေသည်။နောက်တော့ ခေါင်းကို ငုံ့လိုက်ကာ ချန်းလီနှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။ ထို့နောက် ချန်းလီ၏ခါးကို လက်နှစ်ဖက်ဖြင့် ဖက်လိုက်တော့ ချန်းလီကလဲ ထျန်းရှု၏ လည်တိုင်ကို လက်နှစ်ဖက်ဖြင့် ပြန်လည်ဖက်တွယ်လာသည်။ ထျန်းရှုက နှုတ်ခမ်းချင်းဖိကပ်နေရုံတင် အားမရပဲ ချန်းလီ၏အောက်နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ကာ ချန်းလီ၏ နှုတ်ခမ်းလေးကို ဖွင့်လိုက်ပြီး သူ့လျှာကို ချန်းလီ၏ခံတွင်းထဲကို ထည့်လိုက်သည်။ ချန်းလီကလဲ သူလျှာဖြင့် ထျန်းရှုလျှာကို ပြန်လည်တုံ့ပြန်လိုက်သည်။ ထိုသို့ အနမ်းဖလှယ်နေရင်းဖြင့် သူတို့၏ လိုအင်ရမ္မက်များကလဲ တောက်လောင်လာကာ အနမ်းကို ရပ်လိုက်သည်။ ထျန်းရှုက ချန်းလီကို တွန်းရင်းဖြင့် စားပွဲပေါ်ကို ချန်းလီကို တင်လိုက်သည်။ ချန်းလီက စားပွဲပေါ်မှာ ပက်လက်ကလေး ဖြစ်သွားပြီး လျှာသပ်ပြကာ ထျန်းရှုကို ရီဝေဝေကြည့်နေသည်။ ထျန်းရှုကလဲ သူ့အကျီအပေါ်ထပ်ကို ချွတ်လိုက်ကာ ကိုယ်ကိုညွှတ်လိုက်ပြီး ချန်းလီ၏နှုတ်ခမ်းကို ဆက်နမ်းသည်။
YOU ARE READING
Everyone scare of me Except him!! (System) (Own Creation) [Completed]
AdventureFIND THE SOUL & LOVE HIM..... Start date_29.7.2020 End Date_ 26.12.2020. #Own Creation #Both Unicode and Zawgyi can be available!