Arc_6 (The Little Police & the Murderers)

7.1K 756 12
                                    

#Unicode

အချိန်အားဖြင့် ၁၁နာရီကျော်ကျော် ရှန်ဟိုင်းမြို့ရဲ့ ကောလိပ်တစ်ခုဘေးက လူသူကင်းမဲ့ပြီး မှောင်မိုက်နေတဲ့ လမ်းကြားထဲတွင် မိန်းကလေးတစ်ယောက်က အလျင်အမြန် လမ်းလျှောက်နေလေသည်။ ထိုမိန်းကလေးက အကျီအဖြူနဲ့ ဒူးလောက်ရှိတဲ့ အပြာရောင်စကပ်အတိုလေးကို ဝတ်ထားပြီး လွယ်အိတ်တစ်လုံးကို လွယ်ထားသည်။ သူမက အဖြူရောင်ရှူးဖိနပ်လေးကိုလဲ စီးထားသည်။ လွယ်အိတ်ဇစ်ကို သေချာမပိတ်ထားတဲ့အတွက် စာအုပ်တစ်ချို့ကလဲ တစ်စွန်းတစ်စ ပေါ်နေလေသည်။

ထိုမိန်းကလေးက လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ နှုတ်ခမ်းကိုလဲ ပြတ်ထွက်မတတ် ကိုက်ထားသည်။ မျက်လုံးများကလဲ ဟိုကြည့်ဒီကြည့်လုပ်နေကာ တစ်ခုခုကို ကြောက်ရွံ့နေပုံပေါ်နေပြီး နဖူးတွင်လဲ ချွေးသီးများရှိနေသည်။ သူမက အရှေ့ကို မြန်မြန် လျှောက်နေရင်းနဲ့ အနောက်ကိုလဲ လှည့်ကြည့်လှည့်ကြည့် လုပ်နေလေသည်။ သူမက လမ်းကြားရဲ့အဆုံးနားက အကွေ့တစ်နေရာက မီးရောင်တစ်ခုကို မြင်လိုက်ပြီး စိတ်အေးသွားပုံပေါ်သည်။

သက်ပြင်းတစ်ချက်ချလိုက်ကာ အနောက်ကို ပြန်လှည့်ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"ငါ စိတ်ထင်နေတာ နေမှာပါ"
ထိုစကားကို ရေရွတ်ပြီးနောက် အရှေ့ကို ပြန်လှည့်လိုက်ချိန်မှာပဲ စိတ်ထဲတွင် မသိုးမသန့် ခံစားလိုက်ရသည်။ သူမရဲ့နောက်ကျောဘက်တွင် လေစိမ်းတစ်ခု တိုက်သွားသလိုမျိုး ကျောချမ်းသွားပြီး ကြက်သီးတွေထသွားသည်။

သူမ ခြေလှမ်းတွေကို မြန်လိုက်ချိန်မှာပဲ အနောက်က အသံ တစ်ခုကို ကြားလိုက်တာကြောင့် မရေမရာ ဖြစ်သွားပြီး သူမခြေလှမ်းတွေကို ရပ်လိုက်သည်။ သူမခေါင်းကို အနောက်ကို လှည့်လိုက်ချိန်မှာပဲ သူမမျက်လုံးတွေ ပြူးကျယ်သွားသည်။
"ကျွန်မ..ကျွန်မ..ကို လွှတ်ပေးပါ"

"ကယ်..ကယ်ကြပါအုံး"
သူမ ပြေးဖို့ ကြိုးစားပေမယ့်လဲ သူမ မရုန်းကန်နိုင်တော့ပေ။

......

မနက်၅နာရီ အဝါရောင် ကြိုးတန်းများ ကာထားတဲ့ လမ်းကြားထဲတွင် လူများစုရုံးနေကြလေသည်။ ထိုလူတွေကတော့ တစ်စုံတစ်ခုကို ရှာဖွေ ကြည့်ရှု စစ်ဆေးနေကြသည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Where stories live. Discover now