Chapter 3 | အတိတ်

1.4K 68 9
                                    

Unicode

Chapter 3 | အတိတ်

[A/N: ' ' ဒီမျက်တောင် အဖွင့်ပိတ်ထဲမှာ ရေးထားတာတွေက ဂျပန်လို ပြောနေခြင်းဖြစ်ပြီး " " ဒီမျက်တောင်ထဲက စကားကတော့ မြန်မာလို ပြောနေခြင်းဖြစ်သည်။]

အပြာရောင်ကောင်းကင်ကြီးမှာ ပန်းချီကားချပ်၏ နောက်ခံအဖြစ် တည်ရှိနေပြီး အဖြူရောင်ဝါဂွမ်းပုံ တိမ်လိပ်လေးတွေကတော့ ပန်းချီဆရာတစ်ယောက်ရဲ့ စုတ်ချက်တွေပေါ့။ တစ်ရွေ့ရွေ့ မောင်းနှင်လာတဲ့ ကားလေး ၂ စီးသည် တောင်ကုန်းတောင်တန်းတွေကြား မနားတမ်း ပြေးလွှားလို့နေသည်။ မြင်ကွင်းထဲကို ရွှေဝါရောင်တလက်လက်တောက်ပနေသော လယ်ကွက်တွေ အစား စိမ်းစိုစို သစ်ပင်တွေက နေရာယူလာသည်။ စိမ်းလွင်လွင် သစ်ပင်တွေ ပျောက်ကွယ်သွားချိန်မှာတော့ ကောင်းကင်ရဲ့ အပြာရောင်ကို ဖမ်းယူစားသုံးထားသည့် ပင်လယ်ပြာပြာ။ အပြာရောင်တွေနဲ့ ဖုံးလွှမ်းနေသည့် ထိုမြင်ကွင်းကို မျက်တောင်မခပ်တမ်း ကြည့်နေသည့် မျက်ဝန်းတစ်စုံမှာလည်း ခပ်ပြာပြာ ရယ်ပါ။

ခရီးနှင်နေသည့် ကားအနောက်တစ်စီး၏ အနောက်ခန်းမှာ အခန့်သားထိုင်ရင်း ပြတင်းပေါက်မှ တစ်ဆင့်အပြင်ကို ကြည့်နေသော နိုး မှာ ၇နှစ်အရွယ်သာရှိသေးသည်။ သူသည် လက်ထဲ၌ အမည်းရောင် အမွှေးပွဝက်ဝံရုပ်လေးတစ်ခုကို မလွှတ်စတမ်းပွေ့ပိုက်ထားသည်။

' ကိုကို့ရဲ့ နိုးလေး ဘာလဲ အိပ်မပျော်လို့လား...'

မျက်လုံးပြာပြာနှင့် နိုးဆိုသည့် ကောင်လေးကို ညင်သာစွာ ဖက်ရင်း မေးလာသည့် ကောင်လေးမှာတော့ နိုးလို အပြာရောင် မျက်ဝန်းတွေ ရှိမနေပါ။

' ဟင့်အင်း ကိုကိုနဲ့ မမ အိပ်နေလို့ သားမအိပ်ပဲ စောင့်နေတာ...။ '

' နိုးလေးက ကိုကိုတို့ကို စိတ်ပူလို့လား '

မကြည်မလင်ဖြစ်နေသော မျက်လုံးပြာပြာတို့ကို ခပ်ဖွဖွပွတ်သပ်ရင်း ခေါင်းညိတ်ပြသည်။ 'ကိုကို' ဆိုသော ကောင်လေးမှာ နိုးကြောင့် အကြီးကြီးကျေနပ်သွားကာ ပြုံးသည်။

' ဒါနဲ့ ကိုကို သားတို့ ဘယ်သွားနေတာလဲ..?'

မေးလာသည့် ချစ်စဖွယ် အပြာကောင်လေးရဲ့ ငွေမှင်ရောင်ဆံနွယ်တွေကို သူ အသည်းယားစွာ ဆွဲဖွလိုက်ရင်း

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Nơi câu chuyện tồn tại. Hãy khám phá bây giờ