Chapter 22 | ရှုပ်ထွေးမှု

433 27 0
                                    

Unicode

Chapter 22 | ရှုပ်ထွေးမှု

တင်းကျပ်သွားတဲ့ ခါးတစ်လျှောက် သူ အိပ်မက်များမက်နေသလား ထင်မိသည်။ နွေးသွားတဲ့ ကျောပြင်နဲ့ ရှိုက်သံလေးနှောနေသည့် ကြင်နာရသူရဲ့ အသံ​​ဖျော့​​​ဖျော့ကို ကြားရချိန်မှာ လွိုင့် မသိစိတ်က တစ်မျိုးလေးဖြစ်သွားသည်။

" အံ့မင်း... "

လွိုင် အနောက်ကို လှည့်မကြည့်လဲ သူဆိုတာသိသည်။ လွိုင့် အသိစိတ်များက ကယောက်ကယက်ဖြစ်လျက်ရှိပြီး စုစည်းလို့မရ။ ခြံပြင်ရောက်ပြီး သူမိမိအနောက်မလိုက်လာတော့ဘူးလို့ သတ်မှတ်လိုက်ချိန်မှာ ခါးမှ ဆွဲဖက်လာသည့် သျှား။

လွိုင် ဝမ်းနည်းမိသလို ဝမ်းလည်းသာမိသည်။ နှနယ်လှတဲ့ ခြေလှမ်းလေးတွေက မိမိခြေလှမ်းကျယ်တွေနောက် အပြေးလိုက်လာရသည်မှာ ဖိနပ်တောင်မပါ။ မကြာသေးခင်ကမှ စည်းထားပုံပေါ်သည့် ခြေထောက်မှ ပတ်တီးတို့သည် ဖုံမှုန့်တို့ကြောင့် ညစ်ထေးနေသည်။

လွိုင် အခုတိုင် နောက်လှည့်မကြည့်မိသေးပါ။ လွိုင့် အတွေးတွေ သိပ်ကို ရှုပ်ထွေးနေသေးသည်။

" ...အံ့မင်း.... အံ့မင်း... မသွားပါနဲ့...."

ရှိုက်သံကို ထိန်းရင်း ပြောလာသည့် သျှားမှာ တစ်ကိုယ်လုံးတုန်ရီနေသည်ဆိုတာကို ထိကပ်နေသည့် မိမိကျောပြင်က နေခံစားမိပါသည်။ အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ လွိုင်င်အနည်းငယ်စိတ်သက်သာရာရမိပါသည်။ သို့ပင်မဲ့ မိမိ ကိုယ်တိုင်မြင်ခဲ့သည့် မြင်ကွင်းတွေက မျက်လုံးထဲ ထင်ကျန်နေသေးသည်။ ထင်ကျန်နေဆဲပဲ။

တွယ်ဖက်ထားသည့် သျှားရဲ့ လက်တို့ကို ဖယ်ပစ်လိုက်ချင်သည်။ သို့ပင်မဲ့ စိုစွတ်လာသည့် မိမိကျောပြင်က ခံစားချက်တို့ကြောင့် လွိုင်မိမိမျက်ဝန်းတွေကို စုံမှိတ်ချမိလိုက်သည်။ လွိုင့်မှာ သေးငယ်သော မာနတရားရှိနေသေးသည်မလို့ သူ့လက်တို့ကို ဖြုတ်ရန်ကြိုးစားလိုက်သည်။

" ....ဖယ် "

" အံ့မင်း... "

အပြာရောင်မျက်ဝန်းတို့မှာ မျက်ရည်များဖြင့် တလတ်လတ်တောက်ပနေသည်။ သျှားသည် မိမိနာမည်ကို ခေါ်ရင်း လက်တို့ ကမ်းလင့်လာသည်။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Nơi câu chuyện tồn tại. Hãy khám phá bây giờ