Chapter 28 | ပြဇာတ် ၁ (ကံကောင်းခြင်း)

486 24 1
                                    

■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■

Unicode

Chapter 28 | ပြဇာတ် ၁ (ကံကောင်းခြင်း)

Break up

ပုံပြောသူ : အဲ့ည... အဲ့ဒီညကပေါ့ [MC's name]က သူမကို နောက်ဆုံးတွေ့ခဲ့တယ်။ သူမရဲ့ ပြာဖျော့ဖျော့ မျက်ဝန်းတွေက တည်ငြိမ်နေခဲ့တယ်။ မျက်တောင်တစ်ချက်လိုက်ရင် လက်ခနဲဖြစ်သွားသည့် သူမရဲ့မျက်ဝန်းတွေက လရောင်ကြောင့်ဆိုကို သိပင်မဲ့လည်း သူမျက်ရည်ဝဲနေလို့ ဆိုပြီး [MC's name] က ခေါင်းမာမာနဲ့ သတ်မှတ်ချင်နေတယ်။

MC : " ငါတို့ လမ်းခွဲရအောင် "

" အားးးးး!! "

စာအုပ်ကြီးရှေ့ထားပြီး ခေါင်းကို တဗျင်းဗျင်းကုတ်နေသည့် မြတ်မင်းနောင်မှာ နောက်ဆုံးတော့ မခံမရပ်နိုင်ဖြစ်ကာ ထအော်သည်။

လွိုင်အခု ကျောင်းက ပြဇာတ်ခန်းထဲရောက်နေသည်။ နောက်လကုန်ဆို ကျောင်းပွဲတော် ရှိသည်။ လွိုင်က ပြဇာတ် club ထဲ ဝင်ထားတာကြောင့် ကျောင်းပွဲတော်နေ့ကျရင် လွိုင်တို့ ပြဇာတ်ကရမည်။ လွိုင်က ပြဇာတ်အတွက် အသံပိုင်းဆိုင်ရာကို တာဝန်ယူထားရပြီး မြတ်မင်းနောင်မှာ ဇာတ်ညွှန်းရေးရသည့်အပိုင်းကို တာဝန်ယူသည်။

" အာ အာ အားးးး ငါမခံစားနိုင်တော့ဘူး.... ဒီ modren ပြဇာတ်ကြီးကို ဘယ်လို ဆက်ရေးရမလဲ မသိတော့ဘူး ကယ်ကြပါအုန်းး အာာာားးးး "

တစ်ယောက်ထဲ ကမ္ဘာတွေပျက်နေတဲ့ မြတ်မင်းနောင်ကို ကျော်ပြီး သူရေးနေသည့် စာအုပ်ကို လှမ်းလိုက်သည်။ မင်းသားလေးရဲ့ ' ငါတို့ အဆုံးသတ်ရအောင် ' မှာ မြတ်မင်းနောင် တစ်နေသည်မှာ လွန်ခဲ့တဲ့ ၂နာရီလောက်ထဲက...။ ခံစားချက်မရှိတဲ့ code ​​တွေရေး​နေတဲ့ လက်ကို အနုအယွ​တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြဇာတ်​ကို ရေးခိုင်း​တော့လဲ ဒီ​လောက်​တော့ရှိမှာ​ပေါ့​လေ...။

" ဒီထဲမှာ ဘာမှမရှိတော့ ဒါကလဲ မလာဘူးဖြစ်နေတယ် အီးးးဟီးးးး "

ပြောရင်း သူ့ဗိုက်ကို လက်ညှိုးထိုးပြပြီး သူ့နားထင်ကို ထိုးပြကာ လက်ခါပြသည်။ လွိုင် ပျင်းပျင်းနဲ့ အနားက ဂီတာကို ကြိုးညှိ့ပြီး...

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Donde viven las historias. Descúbrelo ahora