Unicode
Chapter 13 | သံသယနှင့် ပူပန်မှု
" အံ့မင်း "
" လွိုင်အံ့မင်းရေ.. သားရီးရာ.. "
မနက်စောစောစီးစီး အတန်းထဲ၌ မှောက်အိပ်နေသော လွိုင့်ကို နားဝင်မချိုသော အသံဖြင့် လှမ်းခေါ်သည့်သူကို ခပ်ဆတ်ဆတ် မော့ကြည့်လိုက်သည်။ လှမ်းကြည်လာသည့် သူ့မျက်ဝန်းတွေမှာ ပြိုတော့မဲ့မိုးလို။ မသိရင် မတော်မတရားခံလိုက်ရသည့် မိန်းမပျိုလေးတစ်ဦးနှယ် မျက်ဝန်းထဲဝယ် မျက်ရည်တွေဝေ့သီလို့။
"... သားရီး..ငါဘယ်လို..ဘယ်လိုလုပ်ရမလဲ...ရွှန်းငါ့ကို ထားသွားပြီ...အီဟီး..ဟီး...."
သူ့ရုပ်ကြမ်းကြီးမှ အားမနာ မျက်ရည်လုံး ဘူးသီးလောက်ကျနေသည်။ ရေဓါတ်ခမ်းသွားသည့် သံပုရာသီးလို မျက်နှာပေါ်ရှိ ရှိသမျှကြွက်သားအကုန်သုံးကာ ရှုံ့မဲ့ငိုလေသည်။
" ဘယ်လိုဖြစ်တာလဲ မင်းတို့တွေ "
လွိုင့် အမေးကို သူပြန်မဖြေအား။ တရွှတ်ရွှတ်ဖြင့် ရင်ဘတ်အား စည်တီးသလို ထု၍ မြည်တမ်းငိုကြွေးနေသည်။ လွိုင်လည်း သူ့ကြည့်ရင်း သျှားအပေါ် ထင့်နေသည့် စိတ်တို့တောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
ကိုယ်တော်ချောက တအင့်အင့်နဲ့ ငိုလို့မပြီးနိုင်။ ဘယ်ဘဝကထဲက ငိုချင်နေလဲမသိ။ အတန်းထဲက လူတွေတောင် လွိုင်တို့ကို ကွက်ကြည့်ကွက်ကြည့်နဲ့။ လွိုင် လုပ်လို့ ဒီကောင်ငိုနေတာ မဟုတ်ရပါဘူး။ လွိုင့်ကို အဲ့လိုမျက်လုံးတွေနဲ့ လာမကြည့်ကြပါနဲ့ ခင်ဗျ။
" ဟေ့ကောင်... ငိုမနေနဲ့တော့ မင်းကို သူများတွေ ကြည့် ကုန်ပြီ။ မကြည်တဲ့ ဆော်တွေ ငိုနေတဲ့ မင့်မျက်ခွက်မြင်ပြီး လန့်ပြေးကုန်မှ..."
".. မင်း..မင်းကလည်း အားကြီးနဲ့..."
" ရော့ တစ်ရှူး...ဆို..ဘာဖြစ်တာလဲ "
အိတ်ကပ်ထဲမှ တစ်ရှူးထုပ် ထုတ်ကာ သူငယ်ချင်းဖြစ်သူကို ကမ်းလိုက်သည်။ မျက်ရည်တွေ၊ နှပ်တွေကို ဝအောင်သုပ်နေသည့် သူငယ်ချင်းအား စိတ်မကောင်းစွာ ကြည့်မိပါ၏။ သူ့မလဲ။ ရွှန်းဆိုသည့် ကောင်မလေးကို တစ်ဖက်သက်ကြိုက်လာသည်မှာ ၂နှစ်။ ကောင်မလေးကို လိုက်သည်မှာ ၁နှစ်နီးပါးကြာသည်။ ရွှန်းဆိုသည့် ကောင်မလေးမှာလည်း အတော်ချောသည်ကိုး။ ဒါမဲ့ လွိုင့်အမြင်တော့ သူမက သျှားလောက် ဘယ်ချောမလဲ။ ဟော...။ လွိုင့်မှာလဲ။ ဘာတွေးတွေး ဒီဘူတာသာ ဆိုက်သည်။ ဟိုကောင့်အကြောင်း ဆက်ပြောကြပါစို့။ အဲ့ကောင်က သူမအဖြေကို ခက်ခက်ခဲခဲ ရပြီးနောက် ၂နှစ်ကျော် ၃နှစ်နီးပါးတွဲခဲ့ရမှ အခု ဒီကောင်အထားခံခဲ့ရသည်။
![](https://img.wattpad.com/cover/286071295-288-k668276.jpg)
KAMU SEDANG MEMBACA
ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔
Fiksi UmumStatus: COMPLETED. Genres: BL/ Drama/ Romance Tag: LoveTriangle/ Psychological/ Angst Location takes place: Human world Time: Current Targeted audience: New Adult Update Schedule: Mon, Wed and Sat IF the series #1 Even If we Wish for Own Creation...