Lisa Pov
Lisa ကျောပိုးအိတ်လွယ်ထားပြီး Bamနဲ့စကားပြောရင်း locker ဆီလာခဲ့တယ်။
"Dude! မင်းငါတို့နဲ့လိုက်ခဲ့သင့်တယ်။ ငါမင်းအဖေကိုမပြောဘူလို့ ကတိပေးတယ်" Bam ပြောတော့ Lisa ရယ်လိုက်တယ်။
"မင်းကအဖေ့ကိုမပြောဘူးဟုတ်လား။ ငါတို့နှစ်ယောက်လုံးဂိတ်တံခါးကနေမထွက်မှာဆိုတော့" လို့ပြောလိုက်တယ်။ Bam က လွန်ခဲ့တဲ့တစ်လကလိုမျိုး သူငယ်ချင်းတွေနဲ့ ပါတီသွားဖို့ခေါ်နေတာဖြစ်တယ်။
"ဘယ်သူ့ပါတီမင်းကသွားမှာလဲ" Lisa ကျောပိုးအိတ်ထဲက စာအုပ်တွေထုတ်ပြီး Locker ထဲထည့်ရင်း Bam ကို မေးလိုက်တယ်။ ဒီနေ့က Lisa တို့ High school နောက်ဆုံးနေ့ဖြစ်တယ်။
"မင်းသူမကိုသိပါတယ်။ မင်းကို crush နေတဲ့တစ်ယောက်လေ" Lisa သူ့ကိုနားမလည်သလိုကြည့်လိုက်တယ်။ တစ်ကယ်တော့ သူမဘယ်သူလဲဆိုတာ Lisa သိတယ်။
"သူမအကြောင်းပြောလိုက်တာနဲ့ကွက်တိပဲ။ ဟိုမှာ သူမလာပြီ" Bam ကပြောပြီး Lisa နောက်ကိုကြည့်လိုက်တယ်။
ယူနီဖောင်းစကတ်အတိုဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။
"Hi Lisa!" သူမနှုတ်ဆက်ပြီး Lisa ဘက်တိုးလာတယ်။ Lisa lockerကိုသော့ခတ်လိုက်တယ်။
"Hi Miyeon" သူမကအရမ်းလှပြီး စွဲဆောင်မှုရှိတယ်။ ပြီးတော့သူမက ထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင် တစ်ယောက်ရဲ့ တစ်ဉီးတည်းသောသမီး။
သူမက Lisa နားတိုးလာပြီး နက်ကတိုင်ကိုဆွဲပြီး Lisaနားနားတိုးတိုးလေးကပ်ပြောလိုက်တယ်။
"ကျွန်မရှင့်အရသာဘယ်လိုလဲဆိုတာသိချင်တယ်" သူမ Lisaနားနားမြူဆွယ်ပြောပြီး နားကိုဖွဖွလေးကိုက်တယ်။
Lisa တံတွေးမြိုချမိတယ်။ ဒီကောင်မလေးက Lisa ကိုစိတ်ပါလာအောင် ဘယ်လိုလုပ်ရမလဲတစ်ကယ်သိတာပဲ။ Lisa တစ်ချိန်ထဲမှာပဲ hot လာခဲ့တယ်။
သူမနောက်ပြန်ဆုတ်ပြီး သူမသူငယ်ချင်းတွေနဲ့ထွက်သွားတယ်။ သူမအဝေးမရောက်ခင် Lisa တို့ဘက်ပြန်လှည့်လာ တယ်။
"ရှင်ညကျရင် ကျွန်မပါတီကိုလာသင့်တယ် Lis! ပြီးတော့ သူ့ကိုပါခေါ်ခဲ့" သူမ Bam ကိုလက်ညှိုးထိုးပြီး ပြောလိုက် တယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...