Lisa Pov
Lisa အိပ်မက်ဆိုးတွေမက်တာ တဖြည်းဖြည်းပိုဆိုးလာခဲ့တယ်။ ဒီအိပ်မက်ဆိုး အကြောင်းတွေပဲ ခေါင်းထဲမှာ ဝဲလည်ခက်နေခဲ့တယ်။ ဒါက Lisa နှလုံးသားပေါက်ထွက်သွားတော့မလိုပဲ။
Lisa ကိုရီးယားကိုပြန်ရောက်လာတော့ ဒါတွေကပြန်စဖြစ်လာတယ်။ Lisa Jennieနားမှာ ၂လ လောက်နေခဲ့ပြီး ဆေးကုသမှုခံနေရတာကိုရပ်ထားလိုက်မိတယ်။ Lisa ကအပြင်ပန်းကသာ မာကျောတယ်ထင်ရပေမယ့် အတွင်းမှာဖန်တစ်ခုလို ကြေမွလွယ်နေခဲ့တယ်။
Lisa တို့တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တုန်းက ပေါက်ကွဲမှုကိုပဲ အိပ်မက်ထပ်မက်နေခဲ့တယ်။ Lisa အမာရွတ်ပြန်နာလာသလိုခံစားနေရတယ်။ Lisa Jennieကို ထိုင်းပြန်မယ်ဆိုပြီး ပြောခဲ့ပေ မယ့် နောက်ဆက်တွဲစိတ်ကဆင့်ကလျားရောဂါကိုကုဖို့ State ကိုပြန်လာခဲ့တယ်။ Lisa ရောဂါ ပျောက်သွားပြီထင်ခဲ့ပေမယ့် ပြန်ပေါ်လာခဲ့တယ်။ ပြီးတော့ Lisa လက်ကအမြဲတမ်းတုန်နေတတ် ပြီး အဲ့အဖြစ်အပျက်တွေကိုပြန်မြင်နေတတ်တယ်။ ညတွေဆို ခနလောက်ပဲ ကောင်းကောင်း အိပ်ပျော်တော့တယ်။
Jennie ကိုစောင့်နေတုန်း lobby မှာအိပ်ပျော်သွားတာက Lisa ဘယ်လောက်ပင်ပန်းနေလဲ သိသာ စေတယ်။ ကိုယ့်ကိုကိုယ်မှဒီလိုဖြစ်နေရင် Jennie နားဘယ်လိုနေနိုင်မှာလဲ။
အခုဆို Jennie ကိုထိုင်းသွားမယ်ပြောခဲ့တာ ၃လရှိပြီ။
သူမနဲ့အဆက်အသွယ်မပျက်အောင် Lisa အမြဲနေခဲ့တယ်။ အရင်ကလိုမျိုး သူမရှေ့ကနေ ရုတ်တရက်ပျောက်ကွယ်သွားတာမျိုး မဖြစ်ချင်တော့ဘူး။ Lisa သင်ခန်းစာတွေကနေ သင်ယူ ဖြစ်ခဲ့တယ်။
၃လကြာပြီးတဲ့နောက်မှာ Lisa ဖုန်းဆက်တာကိုကိုင်ပေမယ့်လည်း message တွေကို Jennieစာမပြန်တော့တာတွေ့ရတယ်။ သေချာအောင် Somi ကိုအချိန်ပြည့်အမြဲစုံစမ်းခိုင်းထားတယ်။ ဒါပေမယ့် Somi ပြောတာ Jennie ကသူမကိုတောင် စကားမပြောချင်တာကိုတွေ့ရတယ်တဲ့။ ဘာအကြောင်းပြချက်ကြောင့်လဲဆိုတာတော့ သူမလဲမသိဘူးပြောတယ်။
သူမတို့နှစ်ယောက်သူငယ်ချင်းအခင်အမင်မပျက်ကြတာကို Lisa သိတယ်။ Somi က သူမ အတွက် ရော Lisa အတွက်ပါ သူငယ်ချင်းကောင်းဆိုတာ သူမလည်း သိတယ်။ သူမ Lisa နဲ့ပတ်သက်ပြီးမယုံသင်္ကာဖြစ်နေတယ်ဆိုတာ Lisa သိတယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...