Lisa Pov
Jennie နဲ့ကမ်းခြေမှာအချိန်ဖြုန်းခဲ့တဲ့ညမှာ Lisa ကောင်းကောင်းအိပ်ပျော်သွားခဲ့တယ်။ သူမ ကိုယ့်ကိုတစ်ကယ်ချစ်ခဲ့ တယ်ဆိုတာ သိလိုက်ရတော့ LIsa ရင်ခုန်သွားမိတယ်။ Liam ကိုလိုချင်တပ်မက်မှုကြောင့်မဟုတ်ပဲ အချစ်တွေနဲ့ရလာ တာ ဖြစ်လို့ Lisa ဝမ်းသာမိတယ်။
Lisa တို့နှစ်ယောက်ဒီလိုအနေအထားဖြစ်လာတာကို ပျော်ရွှင်မိတယ်။ အရင်တုန်းကလို နှစ်ယောက်အတူရှိနိုင်ဖို့အတွက် တိုက်ခိုက်နေရတာတွေ Lisa စိတ်ကုန်နေပြီ။ အခုသူငယ်ချင်းလိုနေလိုက်တော့ စကားတွေလဲအများကြီး ပြောြဖစ်လာ ကြတယ်။
သူမအပေါ်ခံစားချက်တွေမရှိတော့ဘူးလို့ပြောရင်တော့ Lisa ကိုယ့်ကိုကိုယ်ညာတာပဲ။ သူမအပေါ်ခုထိ ချစ်မိနေတုန်း ပဲ။
Lisa မှာအခုကောင်မလေးရှိနေပြီး သူမအပေါ်မတရားတာမဖြစ်ချင်တော့ဘူး။
မနက်လင်းတော့ Lisa ပါးကိုတစ်ယောက်ယောက်နမ်းလိုက်တာ ခံစားလိုက်မိတယ်။
Lisa မျက်လုံးကိုဖွင့်ကြည့်လိုက်ပြီး Irene ဖြစ်နေတာကိုတွေ့လိုက်ရတော့ အံ့ဩသွားတယ်။
"Hon! မင်းဒီလိုဘယ်လိုရောက်လာတာလဲ" Lisa ဆိုဖာပေါ်ထိုင်လိုက်ပြီးမေးလိုက်တယ်။
"ကျွန်မရှင့်ကိုလွမ်းလို့။ ပြီးတော့ ရှင့်သားသေးသေးလေးနဲ့လဲတွေ့ချင်လို့" သူမပြောလိုက်တယ်။ Lisa လက်နှစ်ဖက်နဲ့ မျက်နှာကိုပွတ်လိုက်တယ်။ ခုထိအိပ်ချင်နေတုန်းပဲ။
"Hon! ကိုယ်မျက်နှာသစ်သွားတိုက်လိုက်အုံးမယ်။ ခနစောင့်အုံးနော်" Lisa ရေချိုးခန်းဘက်ထွက်လာလိုက်တယ်။
Lisa ပြီးသွားတော့ မာစတာအခန်းဘက်ကိုကြည့်လိုက်ပြီး အသာလေးတံခါးဖွင့်လိုက်တယ်။ Liam ကသူ့အမေ ခါးလေး ဖက်ထားတာမြင်တော့ Lisa ပြုံးလိုက်မိတယ်။ ဒီမြင်ကွင်းကို Lisa အကြိမ်တစ်ထောင် တစ်သောင်းကြည့်ရလဲ ရိုးသွားမှာ မဟုတ်ဘူး။
Lisa အခန်းထဲကပြန်ထွက်လာပြီး Irene ဆီပြန်သွားလိုက်တယ်။ သူမက ကားထဲကအိတ်တွေသယ်ပြီး ဧည့်ခန်းထဲ ချနေတာတွေ့လိုက်ရတယ်။
"ကားမောင်းသမားဘယ်သွားလို့လဲ" Lisa မေးလိုက်တယ်။
"ကိစ္စမရှိဘူး။ ကျွန်မလုပ်နိုင်တယ်" သူမပြောပြီး Lisa ကိုဖက်လိုက်တယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...