Pride

1.5K 137 5
                                    

Lisa Pov

Jennie အဲ့ဒီကောင်နဲ့ အစည်းအဝေးခန်းကနေထွက်သွားပြီးနောက် Lisa အခန်းထဲမိနစ်အနည်းငယ်လောက်ထပ်နေခဲ့ တယ်။ နောက်ထပ်နာကျင်မှုတွေကို ထပ်ပြီးသည်းခံမြိုသိပ် ရအုံးမယ်။

Shit!

Reception ကောင်မလေး တံခါးမခေါက်ခင်အချိန်ထိ Lisa အတွေးထဲမျောနေခဲ့တယ်။ Lisa အထင်သူမက Jennie assistant ဖြစ်မယ်နဲ့တူတယ်။ သူမကို နောက်တစ်နေ့ Jennie နဲ့တွေ့ဖို့ appointment လုပ်ခိုင်းရင်ကောင်းမလား။

Lisa ဒီလိုလွယ်လွယ်ကူကူအရှုံးမပေးချင်ဘူး။

Jennie အခန်းထဲကနေဆွဲခေါ်သွားတဲ့ အဲ့ဒီကောင်ကိုမြင်ဖူးနေသလိုခံစားနေရတာ ထူးဆန်းတယ်။ Lisa သူ့ကိုအရင်က မြင်ဖူးတယ်ထင်တယ်။ ဒါပေမယ့် ဘယ်မှာမြင်ဖူးမှန်းမသိဘူး။

Lisa Jennieမသိတဲ့အမည်တစ်ခုနဲ့ သူမဆီ appointment လုပ်မယ်လို့ဆုံးဖြတ်လိုက်တယ်။ ဒါမှ သူမ မငြင်းမှာ။ Lisa သူမဆီက နောက်တစ်ကြိမ်ငြင်းခံရမှာမလိုချင်တော့ဘူး။

ဒီတစ်ကြိမ်တော့ သူမကိုပြန်ရအောင်တိုက်ခိုက်မယ်လို့ဆုံးဖြတ်ထားတယ်။ ပြီးတော့ သူမဘာလက်စွပ်မှဝတ်မထားတာ ကို တွေ့ရတယ်။ ဒီတစ်ကြိမ်တော့ သူမကိုလက်စွပ်ဝတ်ပေးမယ့်သူက Lisa ပဲဖြစ်ရမယ်။

သူမစိတ်ဆိုးမယ်ဆိုတာသိပေမယ့် Lisa သူမရဲ့အားနည်းချက်ကိုသိတယ်။ Damn သူမအကြောင်းတွေးလိုက်တာနဲ့ အောက်ကကောင်က ခေါင်းထောင်ချင်လာတယ်။ Shoots!

ညကျတော့ Lisa နဲ့ Bruno တို့ဘားသွားကြတယ်။ Lisa အရမ်းမူးနေတဲ့ညက Somi လာခေါ်တဲ့ ဘားပဲသွားဖြစ်ကြ တယ်။ Lisa တို့ဘီယာသောက်နေကြတယ်။ Bruno က ဘားထောင့်မှာ ကောင်မလေးနှစ်ယောက်နဲ့ စကားပြောနေ တယ်။

ဒီနေ့ညက Lisa အတွက်သောက်တယ်ဆိုရုံပဲသောက်နေခဲ့တယ်။ Lisa limitထိန်းထားရမယ်။ ထပ်ပြီးမရှုပ်ချင်တော့ဘူး။ တည်တည်ငြိမ်ငြိမ်ပဲဖြစ်ချင်တော့တယ်။

"Boss! Alex ကျွန်တော့်ကိုခေါ်နေတယ်။ သူ seoul ကိုတစ်ယောက်ယောက်နဲ့ရောက်နေတယ်တဲ့။ သူတို့ကို ကျွန်တော်တို့ နဲ့အတူတူသောက်ဖို့ခေါ်လိုက်ရင် အဆင်ပြေလား" လို့သူမေးတော့

"အဆင်ပြေပါတယ်။ လူများတော့ပိုပျော်ဖို့ကောင်းတာပေါ့" လို့ ဘီယာသောက်ရင်းဖြေလိုက်တယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now